သင်္ဘော လိုင်စင်လျှောက်ထားခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
သင်္ဘော လိုင်စင်လျှောက်ထားခြင်း
Ministry of Hotel & Tourism / April 09, 2018
ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရေးအတွက် လုပ်ငန်းလိုင်စင်များထုတ်ပေး၍ လုပ်ငန်းများဆောင် ရွက်လျှက်ရှိရာ သင်္ဘောဖြင့် နိုင်ငံခြားသား ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး ထားသည့် သက်တမ်းရှိပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်း ကြောင်း လက်မှတ်၊ သက်တမ်းရှိခရီးသည် ပို့ဆောင်ခွင့်(ခ)လိုင်စင် အပိုင်း (၁)၊ အပိုင်း(၂)လိုအပ်ပါ သည်။
ဝန်ဆောင်ခ
- ပြည်ပ (သို့)ဖက်စပ်သင်္ဘောများအတွက် US$ ၂၅၀ဝ
- နိုင်ငံသားပိုင်သင်္ဘောများအတွက် ၂၅၀၀၀ဝကျပ်
လိုအပ်သော စာရွက်စာတမ်းများ
လိုင်စင်လျှောက်လွှာ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် သက်တမ်း ရှိပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်၊ သက်တမ်းရှိခရီးသည်ပို့ ဆောင်ခွင့်(ခ)လိုင်စင်အပိုင်း(၁)၊အပိုင်း(၂)။ခရီးစဉ်၊စျေးနှုန်း၊သင်္ဘောသားစာရင်းများ၊ရုံးခွဲစစ်ဆေးချက် လျှောက်ထားသူ၏ ဓါတ်ပုံ(၃)ပုံ၊သင်္ဘောဓါတ်ပုံ(၃)ပုံ၊ အိပ်ခန်း၊ ဧည့်ခန်း၊ စက်ခန်းဓါတ်ပုံ၊ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်း မိတ္တူတို့ဖြစ်ပါသည်။
လျှောက်ထားရန် အဆင့်များ
လိုင်စင်လျှောက်လွှာ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် သက်တမ်း ရှိပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်၊ သက်တမ်းရှိ ခရီးသည် ပို့ဆောင်ခွင့်(ခ)လိုင်စင်အပိုင်း(၁)၊အပိုင်း(၂)၊ခရီးစဉ်၊စျေးနှုန်း၊သင်္ဘောသားစာရင်းများ၊ရုံးခွဲစစ်ဆေးချက် လျှောက်ထားသူ၏ ဓါတ်ပုံ(၃)ပုံ၊သင်္ဘော ဓါတ်ပုံ (၃)ပုံ၊အိပ်ခန်း၊ဧည့်ခန်း၊ စက်ခန်း ဓါတ်ပုံ၊ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူတို့စုံလင်ပါက အဆင့်ဆင့် စိစစ်ပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ရန်ကုန်ရုံး- ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၅၈/၆၂)၊ ဗိုလ်အောင်ကျော် လမ်းနှင့်ကမ်းနားလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် မြို့။
မန္တလေးရုံး- ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အမှတ် - ၂၁၁ ၊ ၂၉လမ်း၊ ၈၄ × ၈၅ ကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့။
Website လိပ်စာ
မရှိပါ
Applying Import/Export License with Fully Online Licensing System (Allowed (43) Types)
Ministry of Commerce / April 09, 2018
အကောက်ခွန်သက်သာခွင့်ခံစားခွင့်ရှိသော CO FORM ပုံစံများ
Ministry of Commerce / September 30, 2021
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း(ထသက) နှင့် စီးပွာရေးအကျိုးဆောင်မှတ်ပုံတင်ခြင်း
Ministry of Commerce / April 09, 2018