လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန် - စက်သုံးဆီ အရောင်းဆိုင် ဖွင့်ခွင့်။


Yangon Region Government / October 11, 2021

စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စတင်လျှောက်ထားရမည်ဖြစ်ပြီး အောက်ပါအချက်အလက်များပါ၀င်ရမည်ဖြစ်ပါသည်-
  • လုပ်ငန်းရှင်လျှောက်လွှာ(ပူးတွဲဖော်ပြရမည်)
  • စက်သုံးဆီဆောက်လုပ်မည့် မြေနေရာနှင့်ပတ်သက်သည့်မြေပိုင်ဆိုင်မှုအထောက်အထားများ(ဥပမာ-မြို့နယ်မြေစာရင်းထောက်ခံချက် (လယ်မြေကိုအခြားနည်းအသုံးပြုခွင့်ရရှိပြီး/မပြီး)၊
  • စက်သုံးဆီအရောင်းဆိုင်တည်နေရာပြမြေပုံ၊ အရောင်းအ၀ယ်စာချုပ်၊ အငှားစာချုပ်)
  • ဆိုင်တည်နေရာသည်လမ်းဘေးဝဲယာဖြစ်ပါက မြို့နယ်စည်ပင်နှင့်မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ လမ်းနယ်နိမိတ်နှင့်လွတ်ကင်းကြောင်း ထောက်ခံချက်
  • သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ပတ်၀န်းကျင်၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်၊
  • သက်ဆိုင်ရာမြို့နယ်ရဲစခန်းထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထောက်ခံချက်၊
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနထောက်ခံချက်၊
  • သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ထောက်ခံချက်တို့ဖြင့် တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

Website လိပ်စာ

https://yangon.gov.mm/

FAQs