မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဘဏ္ဍာရေးဌာနမှ ဝန်ဆောင်မှုလုပ်ငန်းများ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဘဏ္ဍာရေးဌာနမှ ဝန်ဆောင်မှုလုပ်ငန်းများ
Mandalay City Development Committee / January 29, 2021
ဌာနမှ ပြည်သူလူထုသို့ ပေးဆောင်မှုပြုနေသည့်ဝန်ဆောင်မှုလုပ်ငန်းများ
- မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ထောက်ခံချက်ဖြင့်ပေးပို့သည့် မြို့ကွက်သစ် ဖော်ထုတ်ရေး အဖွဲ့မှချထားပေးသော မြေကွက်များအတွက် မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းငွေများအား လက်ခံ ဆောင်ရွက်ခြင်း။
- ပယ်ဖျက်ပြီးဖြစ်သည့်အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် အတွင်းချ ထားပေးခဲ့သည့်မြေပေးမိန့်များနှင့်ဂရန်မြေကွက်များအား ပြန်လည် ချထားခြင်းမှ ပေးသွင်းမည့် ငွေများလက်ခံဆောင်ရွက်ခြင်းနှင့် မြေပေးမိန့်များနှင့် မြေငှားဂရန်များအား ပယ်ဖျက်ပြီးဖြစ်၍ ပေးသွင်းထားသောမြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများ ပြန်လည်ထုတ်ပေးခြင်းအား ဆောင်ရွက်ခြင်း။
ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက် အထားများ -
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ထောက်ခံချက်ဖြင့်ပေးပို့သည့် မြို့ကွက်သစ် ဖော်ထုတ်ရေး အဖွဲ့မှချ ထားပေးသော မြေကွက်များအတွက် မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းငွေများအား လက်ခံဆောင်ရွက်ခြင်း -
- မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ထောက်ခံချက်ဖြင့်ပေးပို့လာသည့် အမှုတွဲ။
- မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့မှ မြေကွက်ချထားပေးသည့် အကြောင်းကြား စာမူရင်း/မိတ္တူ။
- မှတ်ပုံတင်မူရင်း/မိတ္တူ။
- အိမ်ထောင်စုဇယား မူရင်း/မိတ္တူ။
၁။ ပယ်ဖျက်ပြီးဖြစ်သည့်အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် အတွင်းချ ထားပေးခဲ့သည့်မြေပေးမိန့်များနှင့်ဂရန်မြေကွက်များအား ပြန်လည်ချထားခြင်းမှ ပေးသွင်းမည့် ငွေများလက်ခံဆောင်ရွက်ခြင်းအတွက်-
- မန္တလေးမြို့တော် မြို့မြေယာစီမံခန့်ခွဲရေးကော်မတီ၏ မြေနေရာချထားပေးမှု အကြောင်းကြားစာမူရင်း/မိတ္တူ။
- မှတ်ပုံတင်မူရင်း/မိတ္တူ။
- အိမ်ထောင်စုဇယား မူရင်း/မိတ္တူ။
၂။ ပယ်ဖျက်ပြီးဖြစ်သည့်အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် အတွင်းချ ထားပေးခဲ့သည့်မြေပေးမိန့်များနှင့် မြေငှား ဂရန်များအား ပယ်ဖျက်ပြီး ဖြစ်၍ ပေးသွင်းထားသော မြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများ ပြန်လည်ထုတ်ပေးခြင်းအတွက်-
- မြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများပြန်လည်ထုတ်ယူခွင့်ပြုပါရန်တင်ပြ လျှောက်ထားစာ။
- မန္တလေးမြို့တော် မြို့မြေယာစီမံခန့်ခွဲရေးကော်မတီ၏ မြေနေရာချထားပေးမှု အကြောင်းကြားစာမူရင်း။
- မြေကွက်တန်ဖိုးပေးသွင်းငွေ ချလံ/ပြေစာ မူရင်း။
- မြေငှားဂရန် မူရင်း။
- မြေဝန်ဆောင်စရိတ် ချလံ/ပြေစာ မူရင်း။
- မန္တလေးမြို့တော်မြို့မြေယာစီမံခန့်ခွဲရေးကော်မတီ၏မြေနေရာချထားပေးမှုအား ပယ်ဖျက်ခြင်းမူရင်း။
- မြေငှားဂရန် ပယ်ဖျက်မိန့်မူရင်း။
- မှတ်ပုံတင်မူရင်း/မိတ္တူ
- အိမ်ထောင်စုဇယား မူရင်း/မိတ္တူ
ရုံးလိပ်စာ - ဘဏ္ဍာရေးဌာန
- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၊ (၂၆ x ၂၇)လမ်းကြား၊ (၇၁ x ၇၂ )လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂-၃၆၁၆၅