အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်နှင့် သိမ်းဆည်းခြင်း


Naypyitaw Development Committee / September 30, 2021

  • စွန့်ပစ်အမှိုက်များအားဆွေးမြေ့လွယ်သောစွန့်ပစ်ပစ္စည်းများဖြစ်သောမီးဖိုချောင်ထွက်အမှိုက်များ၊ စားကြွင်းစားကျန်များ၊ ဘုရားပန်းများ၊ သတင်းစာ/ဂျာနယ်/စက္ကူအမျိုးမျိုး၊ အ၀တ်အစားအဟောင်းများ၊ အလှစိုက်ခင်းမှထွက်သည့် သစ်ရွက်သစ်ခက်များ၊ အစရှိသည့်အမှိုက်များအား နေ့စဉ်သိမ်းဆည်းပေးပါသည်။
  • ကြေပျက်ရန်မလွယ်ကူသော စွန့်ပစ်ပစ္စည်းများဖြစ်သော ပလပ်စတစ်၊ ကြွပ်ကြွပ်အိတ်များ၊ ဖန်ထည်/ ကြွေထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဖော့ဗူး၊ ဝါယာကြိုးနှင့်သတ္ထုအပိုင်းအစများ၊ ကျွတ်/တာယာအမျိုးမျိုး သံ/ဒန် အစရှိသည့် အမှိုက်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် သိမ်းဆည်းပေးပါသည်။
  • ဆေးရုံဆေးခန်းအမှိုက်များ
  • ဆေးရုံဆေးခန်းအမှိုက်များအား သီးသန့်အမှိုက်သိမ်းယာဉ်များဖြင့် သိမ်းဆည်းပေးလျက်ရှိရာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တွင် (တနင်္ဂနွေ၊ ဗုဒ္ဓဟူး)နှင့် ပျဉ်းမနား မြို့နယ်တွင် (စနေ၊ အင်္ဂါ)နေ့များတွင် သိမ်းဆည်းပေးခြင်းဖြစ်ပြီး (စနေ၊ တနင်္ဂနွေ)နေ့များတွင် အထွေထွေစွန့်ပစ်ပစ္စည်းများနှင့် (အင်္ဂါ ၊ ဗုဒ္ဓဟူး)နေ့များတွင် ဘေးအန္တရာယ်ဖြစ်စေနိုင်သော စွန့်ပစ် ပစ္စည်းများဟူ၍ ခွဲခြားသိမ်းဆည်းပေးလျက်ရှိပါသည်။ အထွေထွေစွန့်ပစ်ပစ္စည်းများအား အမှိုက်ပုံတွင် စွန့်ပစ်စေ၍ ဘေးအန္တရာယ်ဖြစ်စေနိုင်သော စွန့်ပစ်ပစ္စည်းများကို သုသာန်ရှိ မီးသင်္ဂြိုဟ်စက်တွင် မီးရှို့ဖျက်ဆီးစေပြီး မလောင်ကျွမ်းနိုင်သော ဘေးထွက်စွန့်ပစ်ပစ္စည်းများအား မြေကျင်းတူး၍ မြေမြှုပ်စွန့်ပစ်ပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ကောက်ခံသည့်သန့်ရှင်းရေးဆောင်ရွက်ခ အခွန်နှုန်းထားများအနေဖြင့် မြို့နယ်များအလိုက် သတ်မှတ်ထားသောပေါင်းစည်းခွန်စည်းကြပ်သည့်အိမ်များမှ တစ်နှစ်စံငှားရမ်းခနှုန်းထားပေါ်တွင် သတ်မှတ်ရာခိုင်နှုန်းအတိုင်း တစ်နှစ်တစ်ကြိမ်ကောက်ခံခြင်းဖြစ်ပါသည်။ သတ်မှတ်နှုန်းထားများမှာ-

(က) ဇမ္ဗူသီရိမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၂ %
(ခ ) ပုဗ္ဗသီရိမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၃ %
(ဂ ) ဥတ္ထရသီရိမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၂ %
(ဃ) ဒက္ခိဏသီရိမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၂ %
(င ) ပျဉ်းမနားမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၃ %
(စ ) လယ်ဝေးမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၄ %
(ဆ) တပ်ကုန်းမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၃ %
 

စီးပွားရေးအမှိုက်သိမ်းဆည်းကောက်ခံခြင်းများ

နေပြည်တော်စည်ပင်သာယာရေး ကော်မတီနယ်နမိတ် အတွင်းရှိ စားသောက်ဆိုင်များ၊ အထွေထွေလုပ်ငန်းများနှင့် ဆေးရုံ/ဆေးခန်းများ၏ အမှိုက်သိမ်းဆည်းခကို လုပ်ငန်းအမျိုးအစား/အရွယ်အစားပေါ်မူတည်၍ နှုန်းထားများကိုအောက်ပါအတိုင်း သတ်မှတ် ကောက်ခံလျက်ရှိပါသည်-

  • စားသောက်ဆိုင်များ၊ အထွေထွေလုပ်ငန်းများ
  • အနည်းဆုံး ကျပ်(၄၀၀ဝိ/-)မှ အများဆုံး ကျပ်(၁၀၀၀၀ဝိ/-)ထိ
  • ဆေးရုံ/ဆေးခန်း
  • အနည်းဆုံး ကျပ်(၁၀၀၀ဝိ/-)မှ အများဆုံး ကျပ်(၃၅၀၀ဝိ/-)ထိ

သီးခြားအမှိုက်သိမ်းဆည်းခ(On Call)မီးဖိုချောင်ထွက်အမှိုက်နှင့် သာမာန်စီပွားရေးလုပ်ငန်းမှ အမှိုက်များမှအပ တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်များ၊ ခြံထွက်အမှိုက်များနှင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံခြင်းမရှိသောနေရာများမှထွက်သော အမှိုက်များကို သိမ်းဆည်း လိုပါက ဌာနမှသတ်မှတ်ထားသော အောက်ပါယာဉ်ငှားရမ်းခနှုန်းထားများ ပေးသွင်း၍ငှားရမ်းစွန့်ပစ်နိုင်ပါသည်-

  • ဌာနဆိုင်ရာအဖွဲ့အစည်းများ
  • (၃)တန်ယာဉ်တစ်ခေါက်လျှင် ကျပ်(၁၅၀၀ဝိ/-)နှုန်း (စက်သုံးဆီနှင့် လုပ်သားမပါ)
  • ပုဂ္ဂလိက
  • (၃)တန်ယာဉ်တစ်ခေါက်လျှင် ကျပ်(၂၅၀၀ဝိ/-)နှုန်း (စက်သုံးဆီနှင့် လုပ်သားမပါ)

Website လိပ်စာ

https://www.nptdc.gov.mm/

FAQs