နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြင်းယာဉ်လိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်း ဝန်ဆောင်မှု


Naypyitaw Development Committee / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)       အန္တရာယ်ကင်းစွာမောင်းနှင်နိုင်သည့် ကြံ့ခိုင်မှုကောင်းမွန်သောအနှေးယာဉ် (မြင်းလှည်း) ဖြစ်ရမည်။

( ခ )       အနှေးယာဉ် (မြင်းလှည်း)ရှိ သံထည်များကို ဆေးသုတ်ထားရမည်။

( ဂ )       အနှေးယာဉ် (မြင်းလှည်း)ရှိ ကိုယ်ထည်တွင် ရေနံချေးသုတ်လိမ်းထားရမည်။

(ဃ)        အချက်ပေးခေါင်းလောင်းတပ်ဆင်ပါရှိရမည်။

( င )       မြင်းချေးခံကို (မြင်းချေး)များ ဖိတ်စင်ခြင်း၊ ကျခြင်းမရှိအောင် စနစ်တကျလုံခြုံစွာ တပ်ဆင်ထားရှိရမည်။

( စ )       အနှေးယာဉ် (မြင်းလှည်း)၏ အမိုးများကို မြို့အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပစွာတပ်ဆင် ထားရှိရမည်။ (ဟောင်းနွမ်းစုတ်ပြဲ၍ အရောင်မွဲခြောက်နေသော အမိုးများ မဖြစ်စေရ)

(ဆ)       အနှေးယာဉ် (မြင်းလှည်း)နောက်ပိုင်းတွင် ကြိုး၊ တန်ဆာပလာများ တပ်ဆင်ပါရှိပါမည်။

( ဇ )       အနှေးယာဉ် (မြင်းလှည်း)နောက်ပိုင်းတွင် ရောင်ပြန်မီးတပ်ဆင်ပါရှိပါမည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)       လုပ်ငန်းသက်တမ်းတိုးမြှင့်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလွှာ၊

( ခ )      လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာအပြည့်အစုံ၊

( ဂ )      ယခင်ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပေးခဲ့သောလိုင်စင်ကဒ် (မူရင်း)

(ဃ)      လျှောက်ထားသူ၏ရောင်စုံလိုင်စင်ဓါတ်ပုံ (၃)ပုံ။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

စီမံရေးရာဌာန၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ။

၀၆၇-၄၁၄၂၈၉၊ ၀၆၇-၄၁၄၆၁၇

dispatch-box.dadm@nptdc.gov.mm

Website လိပ်စာ

http://www.nptdc.gov.mm