နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဆိုက္ကားလိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်းဝန်ဆောင်မှု


Naypyitaw Development Committee / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)       အန္တရာယ်ကင်းစွာမောင်းနှင်နိုင်သည့် ကြံ့ခိုင်မှုကောင်းမွန်သော အနှေးယာဉ် (ဆိုက္ကား) ဖြစ်ရမည်။

( ခ )       အနှေးယာဉ် (ဆိုက္ကား)၏ သစ်သားကိုယ်ထည်အား သင်္ဘောဆေးနီရောင်၊ ဘေးတွဲဘော်ဒီရှိ သံထည်များအား သင်္ဘောဆေး အဖြူရောင်နှင့်မိန်းဘော်ဒီရှိ သံထည်များအား သင်္ဘောဆေး အနက်ရောင် သုတ်လိမ်းရမည်။

( ဂ )       အနှေးယာဉ် (ဆိုက္ကား)မောင်းနှင်ရာတွင် အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ရန်အတွက် ရှေ့၊ နောက် ဘရိတ်များ ကောင်းမွန်ရမည်။

(ဃ)       အချက်ပေးဘဲလ်တပ်ဆင်ပါရှိရမည်။

( င )       ညအခါမောင်းနှင်နိုင်ရန် ဘထ္ထရီ(သို့မဟုတ်)ဒိုင်နမိုမီးပါရှိရမည်။ အနှေးယာဉ်(ဆိုက္ကား)၏ နောက်တွင် ရောင်ပြန်(သို့မဟုတ်) ရောင်ပြန်ပြားပါရှိရမည်၊

( စ )       ကောင်းမွန်သပ်ရပ်သော ကူရှင်ပါရှိရမည်၊

(ဆ)       ဘော်ဒီနံပါတ်ပါရှိရမည်၊

လိုအပ်သောစာရွက်စာတမ်းများ

(က)       လုပ်ငန်းသက်တမ်းတိုးမြှင့်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလွှာ၊

( ခ )       လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူနေရပ်လိပ်စာအပြည့်အစုံ၊

( ဂ )       ယခင်ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပေးခဲ့သောလိုင်စင်ကဒ် (မူရင်း)

(ဃ)       လျှောက်ထားသူ၏ရောင်စုံလိုင်စင်ဓါတ်ပုံ (၃)ပုံ။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

စီမံရေးရာဌာန၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ။

၀၆၇-၄၁၄၂၈၉၊ ၀၆၇-၄၁၄၆၁၇

dispatch-box.dadm@nptdc.gov.mm

Website လိပ်စာ

http://www.nptdc.gov.mm