နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားခြင်းဝန်ဆောင်မှု


Naypyitaw Development Committee / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

၁။       လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့်အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

           (က)     လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊

           ( ခ )     လိုင်စင်ဓါတ်ပုံ(၃)ပုံ၊

           ( ဂ )     လုပ်ကိုင်မည့်လုပ်ငန်းကို ဝဲ/ယာရှေ့နောက် ပတ်ဝန်းကျင်(၄)ဦးမှ သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ၊

           ( ဃ)     အရက်/ဘီယာတွဲဖက်ရောင်းချပါက ယစ်မျိုးလိုင်စင်၊

           ( င )      မြို့နယ်အဆင့်အဖွဲ့အစည်းများဖြစ်သော မီးသတ်တပ်ဖွဲ့၊ စည်ပင်၊ ကျန်းမာရေး အဖွဲ့ တို့၏ ထောက်ခံချက်များ၊

           ( စ )      လုပ်ငန်းအမျိုးအစားနှင့် သက်ဆိုင်သောဝန်ကြီးဌာန၏ခွင့်ပြုမိန့်များ၊

           ( ဆ )    အခြားအထောက်အထားစာရွက်စာတမ်းများအားလိုအပ်ပါက ထပ်မံတင်ပြရမည် ဖြစ်ပါသည်။

၂။       လျှောက်လွှာတင်ပြီးပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန(လုပ်ငန်း)ရှိ တာဝန်ရှိသူများမှ အဖွဲဖြင့် ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါမည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများလိုအပ်ပါက တစ်ပြိုင်တည်းတောင်းခံပါမည်။

၃။       အချက်အလက်များပြည့်စုံပြီး လိုအပ်ချက်များမရှိပါက သတ်မှတ်လုပ်ငန်းလိုင်စင်ကြေး နှုန်းထားနှင့်လုပ်ငန်းအား ကော်မတီရုံးသို့တင်ပြ၍အတည်ပြုချက်ရရှိပါက လုပ်ငန်းရှင်မှ သက်ဆိုင်ရာ မြို့နယ်အလိုက် လုပ်ငန်းလိုင်စင်ကြေးပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။

၄။       ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် လိုင်စင်ကြေး ပေးသွင်း ပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

၅။       လုပ်ငန်းရှင်မှ ရရှိမည့်လိုင်စင်ကတ်ပြားအား ဖွင့်လှစ်သည့်ဆိုင်၏ ထင်သာမြင်သာသော နေရာတွင် မှန်ဘောင်ဖြင့် ချိတ်ဆွဲထားရှိရမည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

စီမံရေးရာဌာန၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ။

၀၆၇-၄၁၄၂၈၉၊ ၀၆၇-၄၁၄၆၁၇

dispatch-box.dadm@nptdc.gov.mm

Website လိပ်စာ

http://www.nptdc.gov.mm