နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ လုပ်ငန်းလိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်းဝန်ဆောင်မှု


Naypyitaw Development Committee / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

၁။       လုပ်ငန်းလိုင်စင်သက်တမ်းတိုးလျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့်အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများ ပူးတွဲတင်ပြရပါမည်-

           (က)     လုပ်ငန်းရှင်အမည်၊

           ( ခ )     နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊

           ( ဂ )     သက်တမ်းတိုးဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းအမည်၊

           (ဃ)     ယခင်ခွင့်ပြုခဲ့သည့် လိုင်စင်နှုန်းထား၊ ယခင်ဘဏ္ဍာရေးနှစ်အတွက်ထုတ်ပေးခဲ့သောလုပ်ငန်းလိုင်စင်ကတ်(မူရင်း)

           ( င )     လုပ်ငန်းရှင်၏ လိုင်စင်ဓါတ်ပုံ(၃)ပုံ၊

           ( စ )     လုပ်ငန်းဆောင်ရွက်မည့်တည်နေရာ(လိပ်စာ)အပြည့်အစုံ၊

           ( ဆ)     ဆောင်ရွက်မည့်လုပ်ငန်းကို ဝဲယာ/ရှေ့နောက်ပတ်ဝန်းကျင်(၄)ဦးမှ သဘောတူ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ၊

           ( ဇ )     အခြားအထောက်အထားစာရွက်စာတမ်းများအား လိုအပ်ပါက ထပ်မံတင်ပြရမည်ဖြစ်ပါသည်။

၂။       လျှောက်လွှာတင်ပြီးပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ စီမံရေးရာဌာန(လုပ်ငန်း)ရှိ တာဝန်ရှိသူများမှ အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်းတောင်းခံပါမည်။

၃။       အချက်အလက်များပြည့်စုံပြီးလိုအပ်ချက်များမရှိပါက သတ်မှတ်လုပ်ငန်းလိုင်စင်ကြေး နှုန်းထားနှင့်လုပ်ငန်းအား ကော်မတီရုံးသို့တင်ပြ၍အတည်ပြုချက်ရရှိပါက လုပ်ငန်းရှင်မှ သက်ဆိုင်ရာ မြို့နယ်အလိုက် လုပ်ငန်းလိုင်စင်ကြေးပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။

၄။       ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် လိုင်စင်ကြေးပေးသွင်း ပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည် ဖြစ်ပါသည်။

၅။       လုပ်ငန်းရှင်မှရရှိမည့် လိုင်စင်ကတ်ပြားအား ဖွင့်လှစ်သည့်ဆိုင် ထင်သာမြင်သာသော နေရာတွင် မှန်ဘောင်ဖြင့် ချိတ်ဆွဲထားရရှိရမည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

စီမံရေးရာဌာန၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ။

၀၆၇-၄၁၄၂၈၉၊ ၀၆၇-၄၁၄၆၁၇

dispatch-box.dadm@nptdc.gov.mm

Website လိပ်စာ

http://www.nptdc.gov.mm