ကုန်စည်ပြပွဲကျင်းပခွင့်လျှောက်ထားခြင်း


Yangon City Development Committee / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ကုန်စည်ပြပွဲများ ကျင်းပခွင့်တင်ပြရာတွင် ပါဝင်ရမည့်အချက်များ

(က)         ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်

( ခ )        ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနရုံး၏ထောက်ခံချက်

( ဂ )        ပွဲကျင်းပမည့်နေရာ၏သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး၏ထောက်ခံချက်

(ဃ)        ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး၏ ထောက်ခံချက်

( င )        ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ထောက်ခံချက်

( စ )        ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်

(ဆ)        သက်ဆိုင်ရာ ပွဲကျင်းပမည့်နေရာ၏ စီမံခန့်ခွဲခွင့်ရှိသော ဌာန/ကုမ္ပဏီ/အဖွဲ့အစည်း၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်

            (ဥပမာ၊ တပ်မတော်ခန်းမတွင်ဖြစ်ပါက ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်)

            (ဥပမာ၊ MEPတွင်ဖြစ်ပါက Forever Group Co.,Ltd. ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်)

            (ဥပမာ၊ MCC ခန်းမတွင်ဖြစ်ပါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်)

            (ဥပမာ၊ ပြည်သူ့ဥယျာဉ်တွင်ဖြစ်ပါက  ပြည်သူ့ဥယျာဉ်တာဝန်ခံ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်)

( ဇ )       ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ၏ပွဲတော်ကျင်းပစဉ်ကာလအတွင်း ဆောင်ရွက်မည့်လုံခြုံရေးစီမံချက်

( စျ )       သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ထောက်ခံချက်

( ည)       ပွဲကျင်းပရေးတာဝန်ခံ၏ဝန်ခံကတိလက်မှတ်ရေးထိုးချက်

()      သက်ဆိုင်ရာကျင်းပမည့် ပွဲအစီအစဉ်၊ နေ့ရက်၊ နေရာ၊ အချိန်၊ လူအင်အား

အဆိုပါအချက်အလက်များပြည့်စုံမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည် ဖြစ်ပြီး အချက်အလက်များပြည့်စုံမှသာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ် ပါသည်။

ဝန်ဆောင်ခ

 - ၅၀၀၀ဝိ/

လိုအပ်သောစာရွက်စာတမ်းများ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

ဌာနဆိုင်ရာများ၏ ထောက်ခံချက်များကို စုစည်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

မြို့နယ်/ခရိုင်/တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

တိုင်းဒေသကြီးအစိုးရအဖွဲ့

Website လိပ်စာ

မရှိပါ