ဇာတ်သဘင်ပွဲများ ကျင်းပခွင့်လျှောက်ထားခြင်း


/ April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ဇာတ်သဘင်ပွဲများ ကျင်းပခွင့်တင်ပြရာတွင် ပါဝင်ရမည့်အချက်များ

(က)        ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်

( ခ )        ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနရုံး၏ထောက်ခံချက်

( ဂ )        ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး၏ထောက်ခံချက်

(ဃ)         ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၏ ထောက်ခံချက်

( င )         ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ထောက်ခံချက်

( စ )         မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)၏ထောက်ခံချက်

(ဆ)         သက်ဆိုင်ရာ ပွဲကျင်းပမည့်နေရာ၏ စီမံခန့်ခွဲခွင့်ရှိသော ဌာန/ကုမ္ပဏီ/အဖွဲ့အစည်း၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်

               (ဥပမာ၊ ဘုရားတွင်ဖြစ်ပါက သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့၏ထောက်ခံချက်)

               (ဥပမာ၊ မြေကွက်လပ်၊ ဘောလုံးကွင်းဖြစ်ပါက သက်ဆိုင်ရာမြို့နယ် စည်ပင်ထောက်ခံချက်နှင့် အား/ကာ ဦးစီးဌာန၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်)

( ဇ )        ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ၏ပွဲတော်ကျင်းပစဉ်ကာလအတွင်း ဆောင်ရွက်မည့်လုံခြုံရေးစီမံချက်

( စျ )       သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ထောက်ခံချက်

( ည )      ပွဲကျင်းပရေးတာဝန်ခံ၏ဝန်ခံကတိလက်မှတ်ရေးထိုးချက်

        (မှတ်ချက်။ ဇာတ်ပွဲများကပြရာတွင် ချားရဟတ်များလှည့်လည်ခွင့်တင်ပြလာပါက ချားရဟတ် အတွက်(၆)လအတွင်းခိုင်ခန့်ကြောင်းလိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်)          

(အဆိုပါအချက်အလက်များပြည့်စုံမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည်ဖြစ်ပြီး အချက်အလက်များပြည့်စုံမှသာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ် ပါသည်။)

လိုအပ်သောစာရွက်စာတမ်းများ

မရှိပါ။

ဝန်ဆောင်ခ

- ၃၀၀၀ဝိ/-

လျှောက်ထားရန်အဆင့်များ

ဌာနဆိုင်ရာများ၏ ထောက်ခံချက်များကို စုစည်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

မြို့နယ်/ခရိုင်/တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

တိုင်းဒေသကြီးအစိုးရအဖွဲ့

Website လိပ်စာ

မရှိပါ။