တေးဂီတဖျော်ဖြေပွဲကျင်းပခွင့်လျှောက်ထားခြင်း


Yangon City Development Committee / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

တေးဂီတဖျော်ဖြေပွဲများ ကျင်းပခွင့်တင်ပြရာတွင် ပါဝင်ရမည့်အချက်များ

(က)      ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်

( ခ )      ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမီးသတ်ဦးစီးဌာနရုံး၏ထောက်ခံချက်

( ဂ )      ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး၏ထောက်ခံချက်

(ဃ)      ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၏ ထောက်ခံချက်

( င )      ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ထောက်ခံချက်

( စ )      ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်ဂီတအစည်းအရုံး၏ထောက်ခံချက်

(ဆ)       မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ထောက်ခံချက်

( ဇ )      ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်

( စျ )     သက်ဆိုင်ရာ ပွဲကျင်းပမည့်နေရာ၏ စီမံခန့်ခွဲခွင့်ရှိသော ဌာန/ကုမ္ပဏီ/အဖွဲ့အစည်း၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်

            (ဥပမာ၊ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ဖြစ်ပါက ကန်တော်ကြီးမျှော်စင်ကျွန်းတာဝန်ခံ၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်)

            (ဥပမာ၊ အမျိုးသားဇာတ်ရုံတွင်ဖြစ်ပါက သက်ဆိုင်ရာအနုပညာဦးစီးဌာန၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်)

            (ဥပမာ၊ MCC ခန်းမတွင်ဖြစ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်)

            (ဥပမာ၊ ပြည်သူ့ဥယျာဉ်တွင်ဖြစ်ပါက  ပြည်သူ့ဥယျာဉ်တာဝန်ခံ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်)

(ည)      ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ၏ပွဲတော်ကျင်းပစဉ်ကာလအတွင်း ဆောင်ရွက်မည့်လုံခြုံရေးစီမံချက်

( ဋ )     သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ထောက်ခံချက်

( ဌ )     ပွဲကျင်းပရေးတာဝန်ခံ၏ဝန်ခံကတိလက်မှတ်ရေးထိုးချက်

( ဍ )     သက်ဆိုင်ရာကျင်းပမည့် ပွဲအစီအစဉ်၊ နေ့ရက်၊ နေရာ၊ အချိန်၊ လူအင်အား 

အဆိုပါအချက်အလက်များပြည့်စုံမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည်ဖြစ်ပြီး အချက်အလက်များပြည့်စုံမှသာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ် ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

မရှိပါ။

ဝန်ဆောင်ခ

၁၀၀၀၀ဝိ/-(ပြည်တွင်း/ပြည်ပ)၊ ၈၀၀၀ဝိ/-(ပြည်တွင်း)

လျှောက်ထားရန်အဆင့်များ

နောက်ဆက်တွဲပါဌာနဆိုင်ရာများ၏ ထောက်ခံချက်များကို စုစည်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

မြို့နယ်/ခရိုင်/တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

တိုင်းဒေသကြီးအစိုးရအဖွဲ့

Website လိပ်စာ

မရှိပါ။