နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ Car Show Room လုပ်ငန်းဝန်ဆောင်မှု
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ Car Show Room လုပ်ငန်းဝန်ဆောင်မှု
Naypyitaw Development Committee / April 11, 2018
လိုအပ်သောစာရွက်စာတမ်းများ
(က) လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလွှာ၊
( ခ ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓါတ်ပုံ (၃)ပုံ၊
( ဂ ) ဆောင်ရွက်မည့်လုပ်ငန်း၏ တည်နေရာ၊ နေရပ်လိပ်စာအပြည့်အစုံ၊ မှတ်တမ်းဓါတ်ပုံ၊
(ဃ) သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာန၏ထောက်ခံချက်၊
( င ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊
( စ ) သက်ဆိုင်ရာမြို့နယ်ရဲစခန်းထောက်ခံချက်၊
(ဆ) အလား(၄)ရပ်မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊
( ဇ ) ဆောင်ရွက်သည့်လုပ်ငန်းနှင့် သက်ဆိုင်သည့်၀န်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ထောက်ခံချက်၊
( စျ ) စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၏ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်၊
( ည) ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်၊
( ဋ ) မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ မော်တော်ယာဉ်တင်သွင်း ရောင်းချခွင့်ပြုလက်မှတ်၊
( ဌ ) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊
( ဍ ) အရောင်းပြခန်း အဆောက်အဦအသစ်ဆောက်လုပ်ခြင်း/ ပြင်ဆင်မွမ်းမံခြင်းအတွက် အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ခွင့်ပြုချက်၊
( ဎ ) ကော်မတီမှသတ်မှတ်သည့် စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ကိုယ်တိုင်ကတိ၀န်ခံချက်။
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
စီမံရေးရာဌာန၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ။
၀၆၇-၄၁၄၂၈၉၊ ၀၆၇-၄၁၄၆၁၇
dispatch-box.dadm@nptdc.gov.mm