အဆောက်အဦးကန်ထရိုက်လိုင်စင်လျှောက်ထားခြင်း


Ministry of Construction / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

လျှောက်ထားသည့်ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီသည် ပြည်တွင်းတွင် မှတ်ပုံတင်သက်တမ်းမကုန်သေးသော ကုမ္ပဏီဖြစ်ရမည် ။ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အဆောက်အဦဦစီးဌာန၊ ရုံးအမှတ်(၄၀)တွင် လာရောက် လျှောက်ထားရမည်။

(က) ကုမ္ပဏီနှင့်ပတ်သက်သောအချက်အလက်များပြည့်စုံစွာ ပါရှိရမည်။

( ခ ) အဆောက်အဦးဦးစီးဌာနမှ ထုတ်ပေးသည့် ပုံစံတွင်စနစ်တကျဖြည့်စွက်ကာ တောင်းခံထားသော အချက်အလက်များ ပြည့်စုံစွာ အသေးစိတ်ထည့်သွင်းရပြီး အဆောက်အဦဦးစီးဌာနသို့ ပြန်လည်တင်ပြ လျှောက်ထားရမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

ကုမ္ပဏီနှင့်ပတ်သက်သောစာရွက်စာတမ်းအပြည့်အစုံ

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

ရုံးအမှတ် (၄၀) အဆောက်အဦဦးစီးဌာနတွင် ပုံစံလာရောက် တောင်းခံခြင်း၊

အဆင့်-၂

ကုမ္ပဏီမှ လိုအပ်သည်များဖြည့်စွက်ခြင်း၊

အဆင့်-၃

အဆောက် အဦဦးစီးဌာနသို့လာရောက်တင်ပြလျှောက်ထားခြင်း၊

အဆင့်-၄

စိစစ်ရေးအဖွဲ့မှ စိစစ်ခြင်းနှင့် အတည်ပြုရွေးချယ်ခြင်း၊

ဆက်သွယ်ရမည့် လိပ်စာ

နေပြည်တော်

အဆောက်အဦဦးစီးဌာန၊ ရုံးအမှတ် (၄၀)

ဖုန်းနံပါတ်-၀၆၇-၄၀၇၅၄၁

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

နေပြည်တော်

Website လိပ်စာ

http://www.construction.gov.mm