ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း
Ministry of Industry / September 20, 2022
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း
အဆင့် (၁)
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် လိုအပ်သည်။
မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လျှောက်လွှာပုံစံ(၇) နှင့်အတူ ဖော်ပြပါ ပူးတွဲ စာရွက်စာတမ်းများဖြင့် တင်ပြရမည်-
(က) ကုမ္ပဏီ Letter Head ဖြင့် Managing Director (သို့) Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ(မှတ်ပုံတင်မိတ္တူပူးတွဲ)
( ခ ) လုပ်ငန်းလိုင်စင်မူရင်းနှင့် မိတ္တူ
( ဂ ) အသုံးပြုရန် အဆိုပြုတင်ပြသည့် ကုန်အမှတ်တံဆိပ်(အညွှန်းစာ) (၁) စုံ (မြန်မာ ဘာသာပြန်ဆိုချက်ဖြင့်)
(ဃ) ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် ထောက်ခံချက်မိတ္တူ များ
( င ) စက်ရုံ၊ မှတ်ပုံတင်ရရှိပြီးကြောင်း အထောက်အထားအတွက် မူရင်းနှင့်မိတ္တူ
( စ ) အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ(MSDS)
(ဆ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး နည်း ဥပဒေများ(၂၆) ပါ အချက်အလက်များ
( ဇ ) Certificate of Analysis (COA)
အဆင့်(၂)
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ၂၅ အရ လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၇)အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း (သို့) အခြားအချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်း ကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား မှတ်ပုံတင်ခပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။
အဆင့်(၃)
လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့ စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၏ ဘဏ်အကောင့် (MD-012564) သို့ မှတ်ပုံတင်ခပေးသွင်းရပါမည်။
(၁) မှတ်ပုံတင်ခ
စဉ် ဓာတုပစ္စည်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ မျိုးမှ ၁၀ မျိုးထိ ၅၀,၀၀၀ ၂ နှစ်
( ခ ) ၁၁ မျိုးမှ ၂၀ မျိုးထိ ၁၀၀,၀၀၀ ၂ နှစ်
( ဂ ) ၂၁ မျိုးနှင့်အထက် ၁၅၀,၀၀၀ ၂ နှစ်
(၂) မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခ
စဉ် ဓာတုပစ္စည်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ မျိုးမှ ၁၀ မျိုးထိ ၃၀,၀၀၀ ၂ နှစ်
( ခ ) ၁၁ မျိုးမှ ၂၀ မျိုးထိ ၆၀,၀၀၀ ၂ နှစ်
( ဂ ) ၂၁ မျိုးနှင့်အထက် ၉၀,၀၀၀ ၂ နှစ်
အဆင့်(၄)
လျှောက်ထားသူကိုယ်တိုင်မှတ်ပုံတင်လက်မှတ်လာရောက်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင် မူရင်း၊ မိတ္တူတစ်စုံ နှင့်အတူ ယူဆောင်လာရပါမည်။
မှတ်ချက်။ မှတ်ပုံတင်လက်မှတ်သက်တမ်းသည် (၂) နှစ်သာဖြစ်သည်။
ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လျှောက်လွှာအား download ရယူနိုင်ပါသည်။
FAQs
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခြင်း ဝန်ဆောင်မှု
Ministry of Home Affairs / March 29, 2022
၂၁-၃-၂၀၂၂ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် www.passport.gov.mm website တွင် Online Appointment စနစ်ဖြင့် Online Booking ရက်ချိန်းရယူပြီးမှသာ...
Applying Import/Export License with Fully Online Licensing System (Allowed (43) Types)
Ministry of Commerce / April 09, 2018
အကောက်ခွန်သက်သာခွင့်ခံစားခွင့်ရှိသော CO FORM ပုံစံများ
Ministry of Commerce / September 30, 2021