မူလတန်းကြို ကျောင်း ဖွင့်လှစ်ခွင့်

မူလတန်းကြို ကျောင်း ဖွင့်လှစ်ခွင့်


Yangon Region Government / October 11, 2021

ပညာရေးဝန်ကြီးဌာနသို့လျှောက်ထားရန်
  • လုပ်ငန်းရှင် လျှောက်လွှာ
  • တာဝန်ခံကျောင်းအုပ်သည် အသက် ၂၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် အစိုးရ အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုဖြစ်စေ၊ ကလေးသူငယ် ကျွမ်းကျင်မှုဆိုင်ရာ ဒီပလိုမာအောင်လတ်မှတ်ဖြစ်စေ ရရှိသူ (သို့) သက်ဆိုင်ရာ ဒေသအခြေအနေအရ လူမှုဝန်ထမ်း ဦးစီးဌာနက လက်ခံသည့် ပညာအရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်ရမည်။
  • တာဝန်ခံကျောင်းအုပ် နှင့် အနည်းဆုံးဆရာတစ်ဦးတို့သည် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးကြပ် ဖွင့်လှစ်သော (သို့) သင့်လျော်သည်ဟု လက်ခံသော မူလတန်ဒကြိုသင်တန်း တစ်ခုခုကို တက်ရောက်အောင်မြင်ပြီးသူများ ဖြစ်ရမည်။
  • မူလတန်းကြို အရွယ်ကလေးများ ဘက်စုံဖွံဖြိုးရေး သင်ရိုးညွှန်းတန်း၊ ဆရာလက်ဆွဲ၊ သီးခြားလမ်းညွှန်ချက်များနှင့်အညီ မူလတန်းကြို အတန်းများတွင် ထားရှိအသုံးပြုသည့် သင်ယူရန်နေရာများနှင့် အကြောင်းအရာ အခြေပြု ချဉ်းကပ်နည်းတို့ကို ချိတ်ဆက် အသုံးပြုပြီး ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးရမည်။
  • အသက် သုံးနှစ်မှ ငါးနှစ်အတွင်း ကလေး ၁၅ ဦးလျှင် ဆရာတစ်ယောက်ရှိရမည်။
  • မူလတန်းကြိုကျောင်း ဖွင့်လှစ်မည့် အဆောက်အအုံသည် ရှေဦးအရွယ် ကလေးသူငယ် တစ်ဦးစီအတွက် အနည်းဆုံး ဧရိယာ ပျမ်းမျှ ၁၈ စတုရန်းပေ အကျယ်အဝန်း ရှိရမည်။
  • လူမှုဝန်ထမ်းဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားသော အချက်များနှင့် ညီညွတ်ရမည်။

Website လိပ်စာ

https://yangon.gov.mm/

FAQs

Services (Online) - 2 items Explore more

Amyotha Hluttaw Visitor Service

Amyotha Hluttaw / September 26, 2018

Rating

စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း

Ministry of Industry / September 30, 2021

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ...

Rating
HOT NEWS
January 4,