သင်္ဘောသားများA/B(II/5)သင်တန်းတက်ရောက်ရန် လျှောက်ထားခြင်း


Ministry of Transport and Communications / April 12, 2018

၀န်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

သင်္ဘောသားများသည်Rating Forming Port of a Navigational Watch II/4 လက်မှတ်ရရှိပြီး Sea Services (၁၈)လရှိသူများသည် A/B (II/5) သင်တန်း(၂)ပတ်  တက်ရောက်ရမည်။ ထိုသို့ လျှောက်ထားရန်အတွက် -

(က)     DMA မှ သင်တန်းတက်ရောက်ရမည့်ဖောင်      (ELIGIBLE FORM)      

(ခ)       CDC (မူရင်း၊ မိတ္တူ)  ၊ EDH မူရင်း၊ မိတ္တူ ၊

(ဂ)       WK II/4 (မူရင်း၊ မိတ္တူ)တို့နှင့်တကွ လူကိုယ်တိုင် လာရောက်လျှောက်ထားရန် လိုအပ်ပါသည်။

၀န်ဆောင်ခ

မရှိပါ။

လိုအပ်သောစာရွက် စာတမ်းများ

(က)      ELIGIBLE FORM     

(ခ)        CDC (မူရင်း၊ မိတ္တူ)  ၊ EDH မူရင်း၊ မိတ္တူ ၊

(ဂ)        WK II/4 (မူရင်း၊ မိတ္တူ) လာရောက်လျှောက်ထားရန် လိုအပ်ပါသည်။

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

DMA မှ သင်တန်းတက်ရောက်ရမည့် ဖောင် (ELIGIBLE FORM) ၀ယ်ယူ၍ အချက်အလက်များ ဖြည့်သွင်းရန်၊   

အဆင့်-၂

CDC (မူရင်း၊ မိတ္တူ)  ၊ EDH မူရင်း၊ မိတ္တူ ၊ WK II/4  (မူရင်း၊ မိတ္တူ) တို့နှင့်တကွ လူကိုယ်တိုင် လာရောက် လျှောက်ထားရန် လိုအပ်ပါသည် ။

အဆင့်-၃

DMA ရုံး-ရေကြောင်းဌာနခွဲ (သင်တန်းဌာနစိတ်) 

တာ၀န်ခံအရာရှိမှ စစ်ဆေးပြီး မှန်ကန်ပါက သင်္ဘောသားအား သင်တန်းတက်ရောက်ရန် ခွင့်ပြုမည့်ဖောင်အား ပြန်လည် ထုတ်ပေးမည်။

ဆက်သွယ်ရမည့် လိပ်စာ

ရန်ကုန်

DMA (ဒေါပုံသင်္ဘောကျင်း) ၊ ရေကြောင်းဌာနခွဲ၊ ဒေါပုံမြို့နယ်။

၀န်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

ရန်ကုန်

ဒေါပုံသင်္ဘောကျင်း ၊ ရေကြောင်းဌာနခွဲ ၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန။

Website လိပ်စာ

မရှိပါ။