ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့်(၃) BMES(300) or (600) hours Course သင်တန်း တက်ရောက်ခွင့် လျှောက်ထားခြင်း


Ministry of Transport and Communications / April 11, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားသူသည် OEW Workshop Skills လက်မှတ် ကိုင်ဆောင်ထားသူဖြစ်ရမည်။ BMES(300) hours Course အတွက် BE ဘွဲ့ရရှိသူဖြစ်ရမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက် စာတမ်းများ

(က) Workshop Skills Certificate မိတ္တူ

(ခ ) CDC မူရင်းနှင့် မိတ္တူ

(ဂ ) ဘွဲ့ လက်မှတ်မူရင်းနှင့် မိတ္တူ

လျှောက်ထားရန် အဆင့်များ

အခြေခံလိုအပ်ချက်များ ပြည့်စုံပါက ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ စာမေးပွဲဌာနစိတ်တွင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ကျောင်းတက်ခွင့် ထုတ်ပေးမည်ဖြစ်သည်။

ဆက်သွယ်ရမည့်လိပ်စာ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။

Website လိပ်စာ

မရှိပါ