နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ညွှန်းကိန်း(Registering Property Indicator) ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်မှု အဆင့်ဆင့်


Naypyitaw Development Committee / October 07, 2021

သက်သေခံမြေပုံ/မြေရာဇဝင် ​ရေးကူးခြင်း

ဆောင်ရွက်သည့်ဌာန - ​နေပြည်တော်စည်ပင်
ကြာမြင့်ချိန် - (၁)ပါတ်
ကုန်ကျစရိတ် - မြေကွက်တည်နေရာ​ပေါ် မူတည်၍ (၀.၂၅)ဧကလျှင် ၃၀,၀၀၀ ကျပ်၊ ၂၄,၀၀၀ ကျပ်၊ ၂၁,၀၀၀ ကျပ် ကျသင့်ပါမည်။
လုပ်ငန်းစဉ်ဆောင်ရွက်ပုံအဆင့်ဆင့် -
(က)   အမည်ပေါက်သူမှ မြေပုံ/မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားခြင်း
  (၁) သတ်မှတ်လျှောက်လွှာပုံစံအား အခမဲ့ရယူပြီး လျှောက်ထားရသည့် အကြောင်းကိုဖော်ပြ၍ ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများ အား ပူးတွဲတင်ပြ၍ လျှောက်ထားရပါမည်။
  (၂) ဌာနမှ မှတ်ပုံတင်စာရင်းရေးသွင်းပြီး ဦးပိုင် မှတ်ပုံတင်စာရင်း(၁-က)နှင့်တိုက်ဆိုင်စိစစ်၍ မှန်ကန်မှုရှိပါက သတ်မှတ်နှုန်းထားအတိုင်း နေပြည်တော်စည်ပင်ဘဏ်ရှိ ဌာနပိုင်ငွေစာရင်း သို့ သွားရောက်ပေးသွင်းရန် ငွေသွင်းချလံထုတ်ပေးပါမည်။
  (၃) ​ငွေသွင်းချလံ ( မူရင်း )ကို ဌာနသို့ ပြန်လည်အပ်နှံလာပါက သက်သေခံမြေပုံ / မြေရာဇဝင်အား ​ရေးကူးထုတ်ပေးလျက်ရှိပါသည်။
ကြာမြင့်ချိန် - (၂၄) ရက်
ကုန်ကျစရိတ် - သတင်းစာ​ကြော်ငြာခနှင့် မြေကွက်တည်နေရာ​ပေါ်မူတည်၍ (၀.၂၅)ဧကလျှင် ၃၀,၀၀၀ ကျပ်၊ ၂၄,၀၀၀ ကျပ်၊ ၂၁,၀၀၀ ကျပ် ကျသင့်ပါမည်။
လုပ်ငန်းစဉ်ဆောင်ရွက်ပုံအဆင့်ဆင့် -
(ခ)   မှတ်ပုံတင်စာချုပ်အဆက်ဆက် တင်ပြ၍ မြေပုံ/မြေရာဇဝင် ရေးကူးခွင့် လျှောက်ထားခြင်း
  (၁) သတ်မှတ်လျှောက်လွှာပုံစံအား အခမဲ့ရယူပြီး လျှောက်ထားရသည့် အကြောင်းကိုဖော်ပြ၍ ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများ၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် အဆက်ဆက် မူရင်းများပူးတွဲတင်ပြ၍ လျှောက်ထားရပါမည်။
  (၂) ဌာနမှ မှတ်ပုံတင်စာရင်းရေးသွင်းပြီး ဦးပိုင်မှတ်ပုံတင်စာရင်း(၁-က)နှင့်တိုက်ဆိုင်စိစစ်၍ မှန်ကန်မှုရှိပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရှုပ်အရှင်း အငြင်းပွားခြင်းရှိ/မရှိစိစစ်နိုင်ရန် ​လျှောက်ထားသူမှ အကုန်ကျခံယူစေပြီး နိုင်ငံပိုင်​နေ့စဉ်ထုတ်သတင်းစာ(ကြေးမုံ/မြန်မာ့အလင်း)များတွင် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာထည့်သွင်းစေပါမည်။
  (၃) ​သတင်းစာတွင်ကြော်ငြာပါရှိသည့်နေ့မှစ၍ ရက်သတ္တ(၂)ပတ်အတွင်း ကန့်ကွက်မှုတစ်စုံ တစ်ရာမရှိပါက မြေပြင်ကွင်းဆင်းတိုင်းတာ စိစစ်မှုပြုလုပ်ပြီးနောက် သတ်မှတ်နှုန်းထား အတိုင်း နေပြည်တော်စည်ပင်ဘဏ်ရှိ ဌာနပိုင်​ငွေစာရင်းသို့ သွားရောက်ပေးသွင်းရန် ငွေသွင်းချလံထုတ်ပေးပါမည်။{ပိုင်ဆိုင်မှုနှင့်ပတ်သက်၍အငြင်းပွားမှု/ကန့်ကွက်မှု တစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာတရားရုံးအဆင့်ဆင့်၏ အပြီးသတ် အမိန့်ဒီကရီရရှိပြီးမှသာ ဆက်လက်ဆောင်ရွက်ပါမည်။}
  (၄) ​ငွေသွင်းချလံ ( မူရင်း )ကို ဌာနသို့ ပြန်လည်အပ်နှံလာပါက သက်သေခံမြေပုံ / မြေရာဇဝင်အား ​ရေးကူးထုတ်ပေးလျက်ရှိပါသည်။
ကြာမြင့်ချိန် - (၂၄)ရက်
ကုန်ကျစရိတ် - သတင်းစာ​ကြော်ငြာခနှင့် မြေကွက်တည်နေရာ​ပေါ်မူတည်၍ (၀.၂၅)ဧကလျှင် ၃၀,၀၀၀ ကျပ်၊ ၂၄,၀၀၀ ကျပ်၊ ၂၁,၀၀၀ ကျပ် ကျသင့်ပါမည်။
လုပ်ငန်းစဉ်ဆောင်ရွက်ပုံအဆင့်ဆင့် -
(ဂ)   အမွေဆက်ခံပိုင်ဆိုင်ကြောင်းနှင့်ပတ်သက်၍မြေပုံ/ ​မြေရာဇဝင်ရေးကူးခွင့်လျှောက်ထားခြင်း
  (၁) သတ်မှတ်လျှောက်လွှာပုံစံအား အခမဲ့ရယူပြီး လျှောက်ထားရသည့် အကြောင်းကိုဖော်ပြ၍ ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများ၊ အမည်ပေါက်နှင့်တော်စပ်ပုံ ဖော်ပြ၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးကျမ်းကျိန်မှတ်ပုံတင် စာချုပ်များပူးတွဲတင်ပြ၍ လျှောက်ထားရပါမည်။
  (၂) ဌာနမှ မှတ်ပုံတင်စာရင်းရေးသွင်းပြီး ဦးပိုင်မှတ်ပုံတင်စာရင်း(၁-က)နှင့်တိုက်ဆိုင်စိစစ်၍ မှန်ကန်မှုရှိပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရှုပ်အရှင်း အငြင်းပွားခြင်းရှိ/မရှိစိစစ်နိုင်ရန် ​လျှောက်ထားသူမှ အကုန်ကျခံယူစေပြီး နိုင်ငံပိုင်​နေ့စဉ်ထုတ်သတင်းစာ(ကြေးမုံ/မြန်မာ့အလင်း) များတွင် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာထည့်သွင်းစေပါမည်။
  (၃) သတင်းစာတွင်ကြော်ငြာပါရှိသည့်နေ့မှစ၍ ရက်သတ္တ(၂)ပတ်အတွင်း ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက မြေပြင်ကွင်းဆင်းတိုင်းတာ စိစစ်မှုပြုလုပ်ပြီးနောက် သတ်မှတ်နှုန်းထားအတိုင်း နေပြည်တော်စည်ပင်ဘဏ်ရှိ ဌာနပိုင်​ငွေစာရင်းသို့ သွားရောက်ပေးသွင်းရန် ငွေသွင်းချလံထုတ်ပေးပါမည်။{ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှု/ကန့်ကွက်မှု တစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာတရားရုံးအဆင့်ဆင့်၏ အပြီးသတ်အမိန့်ဒီကရီရရှိပြီးမှသာ ဆက်လက်ဆောင်ရွက်ပါမည်။}
  (၄) ​​ငွေသွင်းချလံ ( မူရင်း )ကို ဌာနသို့ ပြန်လည်အပ်နှံလာပါက သက်သေခံမြေပုံ / မြေရာဇဝင်အား ​ရေးကူးထုတ်ပေးလျက်ရှိပါသည်။

ပိုင်ဆိုင်မှုတန်ဖိုးဖြတ်ခြင်း

ဆောင်ရွက်သည့်ဌာန - ပြည်တွင်းအခွန်များ ဦးစီးဌာန

တံဆိပ်ခေါင်းခွန် ပေးဆောင်စေခြင်း

ဆောင်ရွက်သည့်ဌာန - ပြည်တွင်းအခွန်များ ဦးစီးဌာန

စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း

ဆောင်ရွက်သည့်ဌာန - လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန

အမည်ပြောင်းလျှောက်ထားခြင်းအတွက် ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာတွင်​ကြော်ငြာထုတ်ဆင့်ခြင်း

ဆောင်ရွက်သည့်ဌာန - ​နေပြည်တော်စည်ပင်
ကြာမြင့်ချိန် - (၃)ရက်
ကုန်ကျစရိတ် - မှတ်ပုံတင်စာချုပ်ပါ တန်ဖိုး၏(၁၀)သိန်းထက်မပိုသော ၁% ပေးသွင်းရပါသည်။ (အရောင်းအဝယ်စာချုပ်မှလွဲ၍ အခြားစာချုပ်များအတွက် ပုံသေနှုန်းကျပ်(၁)သိန်း ​ပေးသွင်းရပါမည်။)
လုပ်ငန်းစဉ်ဆောင်ရွက်ပုံအဆင့်ဆင့် -
- သက်ဆိုင်ရာအခွန်ရုံး၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများ၏ ပိုင်ဆိုင်မှုမှတ်ပုံတင်စာချုပ်စာတမ်းအထောက် အထားဖြင့် ဌာနသို့ အမည်ပြောင်းလျှောက်ထားလာပါက သတ်မှတ်လျှောက်လွှာပုံစံကို အခမဲ့ရယူပြီးအထောက်အထားစာရွက်စာတမ်းများပူးတွဲတင်ပြ ​လျှောက်ထားရပါမည်။
- သက်ဆိုင်ရာတာဝန်ခံများမှလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်တင်ပြ၍ မြို့တော်ဝန်ဦးစီးပြုလုပ်သည့် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့တင်ပြ၍ ဆုံးဖြတ်ချက်ရယူဆောင်ရွက်ပါသည်။
- စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှ ခွင့်ပြုမိန့်ရရှိပါက အမည်ပြောင်းခ သတ်မှတ်နှုန်းထား ကျသင့်ငွေအား ​နေပြည်တော်စည်ပင်ဘဏ်ရှိ ဌာနပိုင် ငွေစာရင်းသို့ သွားရောက်ပေးသွင်းရန်ငွေသွင်းချလံထုတ်ပေးပါမည်။

ပိုင်ဆိုင်သူအမည်လွှဲပြောင်းပေးခြင်း

ဆောင်ရွက်သည့်ဌာန - ​နေပြည်တော်စည်ပင်
ကြာမြင့်ချိန် - (၁)ရက်
လုပ်ငန်းစဉ်ဆောင်ရွက်ပုံအဆင့်ဆင့် - ​ငွေသွင်းချလံ(မူရင်း)ကို ဌာနသို့ ပြန်လည်အပ်နှံပါကလျှောက်ထားသူအမည်ပေါက်အဖြစ် ပြောင်းလဲသတ်မှတ် ပေးလျက်ရှိပါသည်။

Website လိပ်စာ

https://www.nptdc.gov.mm/

FAQs

Services (Online) - 3 items Explore more