ကော်မတီ၏ လုပ်ငန်းအမျိုးမျိုးအား လေလံ ရောင်းချခြင်း


Mandalay City Development Committee / October 05, 2021

လေလံဆောင်ရွက်သည့်အမျိုးအစားများ
(၁) ဝက်/ဆိတ်/အမဲ အသားဆိုင်များ ရောင်းချခွင့်
(၂) ရေချိုး/အိမ်သာကောက်ခံခွင့်
(၃) စက်ဘီး/ဆိုင်ကယ်/ကား အပ်နှံခကောက်ခံခွင့်
(၄) အပေါင်ဆိုင်လုပ်ငန်းလုပ်ကိုင်ခွင့်
(၅) ထီးတိုင်စိုက်ထူခကောက်ခံခွင့်
(၆) မြို့နယ်လမ်းဘေးပျံကျဈေးကောက်
(၇) ဆိပ်ကမ်းခွန်(ယာဉ်ရပ်နားနှင့် လမ်းဘေးဈေးကောက်)
(၈) တည်းခိုခန်းငှားရမ်းလုပ်ကိုင်ခွင့်
(၉) မြေနေရာငှားရမ်းလုပ်ကိုင်ခွင့်
(၁၀) စားသောက်ဆိုင်ငှားရမ်းလုပ်ကိုင်ခွင့်
(၁၁) ဂိုဒေါင်ငှားရမ်းလုပ်ကိုင်ခွင့်

လေလံဆွဲဝယ်သူ လိုက်နာရမည့်အချက်
(၁) လျှောက်လွှာဝယ်ယူခြင်း(မှတ်ချက်။လျှောက်လွှာနှင့်အတူအိမ်ထောင်စုဇယား၊မှတ်ပုံတင်မိတ္တူနှင့်လိုအပ်ပါကရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံစာပါရှိရမည်။
(၂) လုပ်ငန်းအလိုက် သတ်မှတ်စပေါ်ငွေပေးသွင်းရမည်။ (လေလံကြမ်းခင်းဈေး၏ ၃၀% )
(၃) လေလံပွဲမစမီ (၁)ရက်ကြိုတင်၍ လေလံယှဉ်ပြိုင်မှုတိုကင် ထုတ်ယူရမည်။

မှတ်ချက်။ ၁။ အပေါင်ဆိုင်လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် လေလံလျှောက်လွှာ တင်ပြရာတွင် အောက်ပါအချက်များ ပူးတွဲတင်ပြရမည်-
(က) အိမ်ထောင်စုဇယားမိတ္တူ
(ခ) မှတ်ပုံတင်မိတ္တူ
(ဂ) မြေပိုင်ဆိုင်မှု အထောက်အထားမိတ္တူ
(ဃ) ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံစာ
(င) လက်ငုတ်လိုင်စင်စီများကိုသာပြည်တွင်းအခွန်တွင်အခွန်ကြေပြေစာ တင်ပြရန်

၂။ လေလံလုပ်ငန်းများ၏လုပ်ပိုင်ခွင့်အား ဘဏ္ဍာရေးနှစ်အလိုက်ခွင့်ပြု၍ လေလံအပြိုင် ရောင်းချခြင်းအား (၁)လကြိုတင်ဆောင်ရွက်ပါသည်။

FAQs