နေပြည်တော်စည်ပင်ဘဏ်လီမိတက်


Naypyitaw Development Committee / April 19, 2018

နေပြည်တော်စည်ပင်ဘဏ်လီမိတက်ကို ၂၀၁၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ခုနှစ်၊ မေလ(၁၂) ရက်နေ့တွင် ဥတ္တရသီရိဘဏ်ခွဲကို ပထမဦးဆုံးဘဏ်ခွဲအဖြစ် အောင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၄ခုနှစ် ဖေဖော် ဝါရီလ (၁၇)ရက်နေ့တွင် ဇမ္ဗူသီရိဘဏ်ခွဲကြီးကို ထပ်မံဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဘဏ်ခွဲငယ် ()ခုကိုလည်း ဖွင့်လှစ် ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ဘဏ် လုပ်ငန်းဝန်ဆောင်မှုများကို မိဘပြည်သူများထံ လုံခြုံစိတ်ချမှုအပြည့်အဝဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

နေပြည်တော်စည်ပင်ဘဏ်လီမိတက်မှ ဆောင်ရွက်ပေးလျက်ရှိသော ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ

၁။        စာရင်းရှင်အပ်ငွေ၊

၂။        ငွေစုဘဏ်အပ်ငွေ၊

၃။        အချိန်ပိုင်းအပ်ငွေ(သို့)စာရင်းသေအပ်ငွေ၊

၄။        ခေါ်ယူအပ်ငွေ၊

၅။        ချေးငွေများ၊

၆။        ငွေလွှဲခြင်း၊

၇။        ငွေပေးအမိန့်ရောင်းချခြင်း၊

၈။        လုံခြုံမှုသေတ္တာငှားရမ်းခြင်း၊

၉။        နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခြင်း၊

၁၀။      Account Link

၁၁။      Bank Guarantee

စာရင်းရှင်အပ်ငွေ (Current Deposit)

   စာရင်းရှင်အပ်ငွေစာရင်းကိုလူပုဂ္ဂိုလ်တစ်ဦး(သို့)တစ်ဦးတည်းပိုင်လုပ်ငန်း(သို့)အသင်းအဖွဲ့နှင့်ကုမ္ပဏီများအနေဖြင့် ဖွင့်လှစ်နိုင်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦး(သို့)နှစ်ဦးနှင့်အထက် တွဲဖက်၍ဖွင့်လှစ်နိုင်ပါသည်။ အနည်းဆုံး ကျပ်တစ်သောင်းဖြင့် စတင်၍ဖွင့်လှစ်နိုင်ပါသည်။ ငွေထုတ်ယူခြင်းကို ငွေပမာဏအကန့်အသတ်မရှိ အကြိမ်ကြိမ် ထုတ်ယူနိုင်ပြီး ငွေသွင်းခြင်းကိုလည်း အကန့်အသတ်မရှိ သွင်းနိုင်ပါသည်။ ထိုစာရင်းအပ်ငွေအတွက် အတိုးမပေးပါ။

ငွေစုဘဏ်အပ်ငွေ (Saving Deposit)

    ငွေစုဘဏ်အပ်ငွေစာရင်းကို တစ်ဦးတည်းဖြစ်စေ၊ တစ်ဦးထက်ပိုသောတွဲဖက်စာရင်းဖြစ်စေ၊ အဖွဲ့အစည်းအမျိုးမျိုး ဖြစ်စေ စာရင်းဖွင့်နိုင်ပါသည်။ အနည်းဆုံးကျပ်တစ်သောင်းဖြင့် စတင်၍ဖွင့်နိုင်ပါသည်။ ငွေစုဘဏ်အပ်ငွေစာရင်းတွင် အရွယ် မရောက်သေးသူများအတွက် သက်ငယ်စာရင်းဖွင့်နိုင်ပါသည်။ အနည်းဆုံးကျပ်တစ်ထောင်ဖြင့် စတင်၍ဖွင့်နိုင်ပါသည်။ငွေပမာဏနှင့် အကြိမ် အကန့်အသတ်မရှိ ပေးသွင်းနိုင်ပြီး တစ်ပတ်လျှင်တစ်ကြိမ်သာထုတ်ယူခွင့်ပြုပါသည်။ လက်ရှိအတိုး နှုန်းမှာ တစ်နှစ်လျှင် ၈.၅၀ % ဖြစ်ပါသည်။ ()လတစ်ကြိမ် (June,Sept,Dec,March) လများတွင် အတိုးထည့်ပေးပါသည်။ လစဉ်လဆန်း()ရက်နေ့မှ လကုန်ရက်အတွင်းရှိ အနည်းဆုံးလက်ကျန်ငွေ (လဆန်း()ရက် လက်ကျန်ထက် မများရန်) ပေါ်တွင် တစ်လလုံးအတွက် အတိုးတွက်ပေးပါသည်။

စာရင်းသေအပ်ငွေ (Fixed Deposit)

    စာရင်းသေအပ်ငွေကို ငွေကျပ်တစ်သောင်း (သို့) ကျပ်သောင်းဂဏန်း အလီလီဖြင့် ပမာဏနှင့်အကြိမ် အကန့်အသတ်မရှိ စုဆောင်းအပ်နှံနိုင်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦး(သို့)နှစ်ဦးနှင့်အထက် တွဲဖက်၍လည်းကောင်း၊ တစ်ဦးတည်းပိုင်လုပ်ငန်း (သို့) အသင်းအဖွဲ့နှင့်ကုမ္ပဏီများအနေဖြင့် လည်းကောင်း စာရင်းဖွင့်နိုင်ပါသည်။ လက်ရှိအတိုးနှုန်းမှာ သတ်မှတ်ထားသည့် အချိန် ကာလအပိုင်းအခြားအလိုက် အောက်ပါအတိုင်းဖြစ်ပါသည်-

၁လ       စာရင်းသေအပ်ငွေ           အတိုးနှုန်း (.၅၀ % )

၂လ        စာရင်းသေအပ်ငွေ           အတိုးနှုန်း (.၇၅ % )

၃လ       စာရင်းသေအပ်ငွေ           အတိုးနှုန်း (.၀၀ % )

၆လ       စာရင်းသေအပ်ငွေ           အတိုးနှုန်း (.၅၀ % )

၉လ       စာရင်းသေအပ်ငွေ           အတိုးနှုန်း (.၇၅ % )

၁၂လ     စာရင်းသေအပ်ငွေ           အတိုးနှုန်း (၁၀.၀၀ %)

အပ်နှံသောအချိန်ကာလစေ့ရောက်တိုင်းရက်အလိုက် အတိုးတွက်ပေးပါသည်။ သက်တမ်းစေ့ ရောက်ပြီး ကျော်လွန်သော ကာလကို အတိုးပေးမည် မဟုတ်ပါ။ သက်တမ်းမစေ့မှီ အပ်ငွေပြန်လည် ထုတ်ယူပါက အတိုးခံစားခွင့်မရှိပါ။

ခေါ်ယူအပ်ငွေစာရင်း

  • လူပုဂ္ဂိုလ်တစ်ဦး (သို့) နှစ်ဦးနှင့်အထက်တွဲဖက်၍လည်းကောင်း၊ အဖွဲ့အစည်းအမည်ဖြင့် လည်းကောင်း၊ ကုမ္ပဏီများ အနေ ဖြင့်လည်းကောင်း စာရင်းဖွင့်နိုင်ပါသည်။
  • အနည်းဆုံး ငွေကျပ်တစ်သောင်းဖြင့် စတင်စာရင်းဖွင့်လှစ်နိုင်ပြီး သိန်းဂဏန်းအလီလီဖြင့် အကြိမ် အကန့်အသတ်မရှိ စုဆောင်း အပ်နှံနိုင်ပါသည်။
  • ကျပ်သိန်းတစ်ရာနှင့်အထက် အပ်နှံငွေအတွက် အတိုးနှုန်းမှာ ()ရာခိုင်နှုန်းဖြစ်ပြီး ကျပ်သိန်း တစ်ရာအောက် အပ်နှံငွေ အတွက် အတိုးနှုန်းမှာ ()ရာခိုင်နှုန်းဖြစ်ပါသည်။
  • နေ့စဉ်စာရင်းပိတ်လက်ကျန်ငွေအပေါ်ရက်အလိုက်အတိုးတွက်ချက်ပေးပြီး ()လတစ်ကြိမ် (June, Sept, Dec, March)လများတွင် အတိုးထည့်သွင်းပေးပါသည်။

ချေးငွေများ

  • ချေးငွေများကိုစက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ငွေကြေးအရင်းအနှီး ထည့်ဝင်နိုင်ရေး နှင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရေး အတွက် ထုတ်ချေး လျက်ရှိပါသည်။
  • ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြေနှင့်အဆောက်အဦ ပိုင်ဆိုင်သည့် လူပုဂ္ဂိုလ်များနှင့် စျေးဆိုင်ခန်းရှင်များသို့ စာရင်းပိုထုတ်ချေး ငွေများအဖြစ် ထုတ်ချေးပါသည်။
  • မရွေ့မပြောင်းနိုင်သော အိမ်၊ ခြံ၊ မြေနှင့် အဆောက်အဦများကို အာမခံအဖြစ်ထားရှိနိုင်ပါသည်။
  • ထုတ်ယူသည့်ငွေပမာဏပေါ်တွင် ထုတ်ယူသည့်ကာလအတွက် ရက်အလိုက်အတိုးတွက်ချက် ပါသည်။ လက်ရှိအတိုးနှုန်း မှာ ၁၃% ဖြစ်ပြီး ဝန်ဆောင်ခ ၁% အားကောက်ခံခြင်း မရှိပါ။
  • ချေးငွေသက်တမ်းမှာ ()နှစ်ဖြစ်၍ ဆက်လက်ချေးယူလိုပါက သက်တမ်းမကုန်မီ ကြိုတင် လျှောက်ထားရပါမည်။

ငွေလွှဲခြင်း

ငွေလွှဲပေးပို့ခြင်းများကို နေပြည်တော်စည်ပင်ဘဏ်လီမိတက်နှင့် အကျိုးတူ ချိတ်ဆက ထားသော အောက်ဖော်ပြပါ ဘဏ်များ၏ ဘဏ်ခွဲများရှိသောမြို့များသို့ လွယ်ကူလျင်မြန်စွာဖြင့် ငွေလွှဲပေးပို့နိုင်ပါသည်-

ရိုးမဘဏ်                                                                          ကျပ်-၁၀၀လျှင် ၅ပြားနှုန်း

ဧရာဝတီဘဏ်                                                                   ကျပ်-၁၀၀လျှင် ၅ပြားနှုန်

ကမ္ဘာ့ရတနာဘဏ်                                                         ကျပ်-၁၀၀လျှင် ၅ပြားနှုန်

သမဝါယမဘဏ်                                                                ကျပ်-၁၀၀လျှင် ၅ပြားနှုန်း

မြန်မာ့ရှေ့ဆောင်ဘဏ်                                                    ကျပ်-၁၀၀လျှင် ၅ပြားနှုန်း

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်                          ကျပ်-၁၀၀လျှင် ၅ပြားနှုန်း

အာရှရန်ကုန်ဘဏ်                                                         ကျပ်-၁၀၀လျှင် ၅ပြားနှုန်း

ယူနိုက်တက်အမရဘဏ်                                                    ကျပ်-၁၀၀လျှင် ၁၀ပြားနှုန်း

ကမ္ဘောဇဘဏ်                                                               ကျပ်-၁၀၀လျှင် ၁၅ပြားနှုန်း

ငွေလွှဲခမှာ အနည်းဆုံး ကျပ်- ၂၀၀/-ဖြစ်ပြီး Fax ခမှာ ကျပ်- ၅၀၀ ဖြစ်ပါသည်။

ငွေပေးအမိန့်ရောင်းချခြင်း(Payment Order)

     အစိုးရဌာနဆိုင်ရာများသို့ ပေးသွင်းရမည့်ကိစ္စများအတွက် ငွေပေးအမိန့်(Payment Order)ကို (Bank Guarantee Cheque) အဖြစ်ရောင်းချခြင်းဝန်ဆောင်မှုလုပ်ငန်းကို လျင်မြန်စွာဆောင်ရွက်ပေးပါသည်။ ဝန်ဆောင်ခမှာ ငွေကျပ် - ၁၀၀ လျှင် ၁၀ပြားနှုန်းဖြစ်ပြီး အနည်းဆုံးကျပ် - ၁၀၀နှင့်အများဆုံးကျပ် - ၃၀၀၀၀/- ကောက်ခံပါသည်။

လုံခြုံမှုသေတ္တာငှားရမ်းခြင်း (Safe Deposit Locker)

Customer များ၏ တန်ဖိုးကြီးလှသောပစ္စည်းများ၊ စာရွက်စာတမ်းများကို ဘဏ်၏ ငွေတိုက်ခန်း အတွင်းရှိသေတ္တာအတွင်း သိမ်းဆည်းနိုင်ပါသည်။ သေတ္တာငှားရမ်းခအတွက် ဘဏ်မှဝန်ဆောင်ခအဖြစ် တစ်နှစ်လျှင် ကျပ်-၁၀၀၀၀/- ကောက်ခံ ပါသည်။

Website လိပ်စာ

မရှိပါ။