E-Remittance (Online) Internal Remittance (Fax/ Telegraph/ Bankdraft)


Ministry of Planning and Finance / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ငွေလွှဲသူ/ ငွေထုတ်ယူသူများတွင် နိုင်ငံသားစိစစ်ရေးကဒ်ရှိပါက ငွေလွှဲပို့/ ထုတ်ယူနိုင်ပါမည်။

ငွေလွှဲသူ/ ငွေထုတ်ယူသူများသည် မြန်မာ့စီးပွားရေးဘဏ်ခွဲ များတွင် စာရင်းရှင်စာရင်း/ ငွေစုဘဏ်စာရင်းရှိပါကလည်း ငွေလွှဲပို့/ ထုတ်နိုင်ပါမည်။

ဝန်ဆောင်ခ

စီးပွားရေးအချက်အချာကျ၍ ဆက်သွယ်ရေး ကောင်းမွန်သော မြို့များရှိ ဘဏ်များကို အုပ်စု A ၊ ဝေးလံခေါင်ပါးသောမြို့များရှိ ဘဏ်များကို အုပ်စု B အဖြစ် သတ်မှတ်ကာ အုပ်စု A ဘဏ်ခွဲအချင်းချင်း ငွေလွှဲပို့ပါက ငွေ ကျပ်-၁၀၀/- လျှင် ၅ ပြားနှုန်း၊ အုပ်စု B ဘဏ်ခွဲအချင်းချင်း၊ အုပ်စု A နှင့် အုပ်စု B ဘဏ်ခွဲများ အကြားငွေလွှဲပို့ပါက ငွေကျပ်-၁၀၀/-လျှင် ၁၀ ပြားနှုန်း၊ Online/ ဖက်စ်/ ကြေးနန်းအသုံးပြုခ ကျပ် ၅၀၀/- ကောက်ခံပါ သည်။

လိုအပ်သောစာရွက်စာတမ်းများ

နိုင်ငံသားစိစစ်ရေးကတ်

 

လျှောက်ထားရန်အဆင့်များ

ငွေလွှဲလိုပါက ဘဏ်ခွဲမှ သတ်မှတ်ပုံစံရယူ၍ ပုံစံဖြည့်စွက် ရပါမည်။ ငွေထုတ်လို ပါက နိုင်ငံသားစိစစ်ရေးကတ် ယူဆောင် လာရပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ အမှတ်(၂၆)၊ သီရိကျော်စွာ လမ်း၊ ဘဏ်များဇုံ၊  နေပြည်တော်

မြန်မာ့စီးပွားရေးဘဏ်(ဘဏ်ခွဲများ)

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

Internal Remittance – (မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြန်မာ့စီးပွားရေး ဘဏ် (ဘဏ်ခွဲများ)

E-Remittance(online)- နေပြည်တော်၊ ပျဉ်းမနား၊ ရန်ကုန် ဘဏ်ခွဲ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ ရန်ကုန် ငွေစု ဘဏ်ခွဲ(၁)၊(၂)၊ (၃)၊

(၄)၊ ကြည့်မြင်တိုင်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ သန်လျင်၊ မန္တလေး ဘဏ်ခွဲ(၁)၊ (၂)၊ (၃)၊

မိတ္ထီလာ၊ မြင်းခြံ၊ ရမည်းသင်း၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ မြဝတီ၊ ပုသိမ်၊ ရေကြည်၊ မုံရွာ၊ စစ်ကိုင်း၊ ချောက်၊ ပခုက္ကူ၊ မကွေး၊ တောင်ကြီး၊ တာချီလိတ်၊ လားရှိုး၊ မူဆယ်၊ လွိုင်ကော်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ စစ်တွေ၊ ကျောက်ဖြူ။

ဖြည့်စွက်ချက်

E-Remittance System တွင် Online သာမက Offline System လည်း ရှိပါသည်။ ငွေလွှဲသည် ငွေထုတ်သည့်ဘဏ်ခွဲသို့ Online ဖြင့်မ ရောက်ရှိသော် လည်း ကွန်ပျူတာစနစ် အသုံးပြုသောကြောင့် မြန်ဆန်စွာ ရောက်ရှိ/ထုတ်ပေး နိုင်ပါသည်။

Website လိပ်စာ

www.meb.gov.mm