ရန်ကုန် - မန္တလေးအမြန်လမ်းတစ်လျှောက်တွင် အရေးပေါ်လူနာတင်ယာဉ်စနစ်ထားရှိပေးခြင်း ဝန်ဆောင်မှု


Ministry of Health & Sports / April 08, 2018

ဝန်ဆောင်မှုအားအမြန်လမ်းတစ်လျှောက်ရှိ လှည်းကူး၊ ဘုရားကြီး၊ မြို့ချောင်း၊ ဖြူး၊ တောင်ငူ၊ လယ်ဝေး၊ အလည်ရွာ၊ မိတ္ထီလာ၊ ပြင်စည် (နွားထိုးကြီး)နှင့် တံတားဦးပြည်သူ့ဆေးရုံများတွင် လူနာတင်ယာဉ်များ ထားရှိအခြေပြု၍ ဆောင်ရွက်လျက် ရှိပါသည်။
လူနာများကို ကနဦးအသက်ကယ်ကုသမှု ဆောင်ရွက်၍ လူနာတင်ယာဉ်များဖြင့် ပြည်သူ့ဆေးရုံကြီးများသို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

အရေးပေါ်ထိခိုက်ဒဏ်ရာ အခြေအနေများအတွက် ဖုန်းနံပါတ် "192" သို့ခေါ်ဆို ပို့ဆောင်ပေးရမည်ဖြစ်ပြီး နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀ဝ၀) တွင် Command and Control Center ဖွင့်လှစ်ကာ လူနာတင်ယာဉ် စေလွှတ်ခြင်းကို စိစစ်ဆောင်ရွက်မည် ဖြစ်ပါသည်။ လူနာတင်ယာဉ်များပေါ်တွင် ယာဉ်မောင်း (၁)ဦးနှင့် အသက်ကယ်ဝန်ထမ်း(၂)ဦး ပါဝင်မည်ဖြစ်ကာ လူနာတင်ယာဉ်ကွပ်ကဲမှုကို သက်ဆိုင်ရာဆေးရုံမှ အရေးပေါ် ဆရာဝန်က အနီးကပ် ကြီးကြပ်ဆောင်ရွက်မည် ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ရုံးအမှတ်(၄) နေပြည်တော် +၉၅ ၆၇၄၁၁၁၈၉

အီးမေးလ်လိပ်စာ

info@mohs.government.mm

Website လိပ်စာ

www.mohs.gov.mm