မီးပုံးပျံ လိုင်စင်လျှောက်ထားခြင်း
မီးပုံးပျံ လိုင်စင်လျှောက်ထားခြင်း
Ministry of Hotels, Tourism and Culture / April 09, 2018
ဝန်ဆောင်မှုယူရန် အခြေခံ လိုအပ်ချက်များ
မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရေးအတွက် လုပ်ငန်းလိုင်စင် များထုတ်ပေး၍ လုပ်ငန်းများဆောင် ရွက်လျှက်ရှိရာ မိုးပျံပူဖေါင်းဖြင့် နိုင်ငံခြားသား ပို့ဆောင်ရေးလုပ်ငန်းဆောင် ရွက်ရာတွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး ထားသည့် AOC (Air Operator Certificate)၊ ဝေဟင်တွင် စိတ်ချစွာ ပျံသန်းနိုင်ကြောင်း လက်မှတ်(Certificate Of Registration Aircraft) နှင့်မိုးပျံပူဖေါင်းပျံသန်းထိန်းချုပ်မည့်သူ၏ အသိအမှတ်ပြုအထောက်အထား (Commercail Pilot)၊မိုးပျံပူဖေါင်းမှတ်တမ်းဓါတ်ပုံများ
ဝန်ဆောင်ခ
US$ 2500
လိုအပ်သော စာရွက်စာတမ်းများ
၁။ လုပ်ငန်းလိုင်စင်လျှောက်လွှာ
၂။ ရုံးခွဲ၏ စစ်ဆေးချက်
၃။ အုပ်ချုပ်မှုဒါရိုက်တာ၏ကာလာဓါတ်ပုံ(၃)ပုံ
၄။ ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
၅။ ကုမ္ပဏီမှတ်ပုံတင်ရုံးသို့ တင်ပြအတည်ပြုချက် ယူထားသည့် (Form 6/26)
၆။ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသော AOC(Air Operator Certificate)
၇။ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသော ဝေဟင်တွင် စိတ်ချစွာ ပျံသန်းနိုင်ကြောင်း လက်မှတ် ( Certificate Of Registration Of Aircraft)
၈။ မိုးပျံပူဖေါင်းထိန်းချုပ်မည့်သူ၏ အသိအမှတ်ပြုအထောက်အထား (Commercial Pilot)
၉။ ဝန်ဆောင်မှုပေးမည့် မိုးပျံပူဖေါင်း၏ မှတ်တမ်းဓါတ်ပုံများ
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ
ရန်ကုန်ရုံးခွဲ - ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊အမှတ်(၅၈/၆၂)၊ ဗိုလ်အောင်ကျော် လမ်း နှင့် ကမ်းနားလမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့။
Website လိပ်စာ
မရှိပါ
