ရေယာဉ် လိုင်စင်လျှောက်ထားခြင်း


Ministry of Hotel & Tourism / April 09, 2018

ဝန်ဆောင်မှုရယူရန်အခြေခံ လိုအပ်ချက်များ

 မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရေးအတွက် လုပ်ငန်းလိုင်စင်များထုတ်ပေး၍ လုပ်ငန်းများဆောင် ရွက်လျှက်ရှိရာ ရေယာဉ်ဖြင့် နိုင်ငံခြားသား ပို့ဆောင်ရေးလုပ်ငန်းဆောင် ရွက်ရာတွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး ထားသည့် သက်တမ်းရှိပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်း ကြောင်း လက်မှတ်၊ သက်တမ်းရှိခရီးသည်ပို့ဆောင်ခွင့်(ခ)လိုင်စင် အပိုင်း (၁)၊အပိုင်း(၂)လို အပ်ပါသည်။

ဝန်ဆောင်ခ

       စက်လှေတစ်စီး                                                    -           ၁၅၀၀၀

       အခန်းမပါရေယာဉ်       (၁ ဦးမှ ၁၀၀ ဦးအထိ)         -           ၂၅၀၀ဝိ/-

       ၁၀၁ဦးမှ၂၀၀ဦးအထိ                                            -           ၅၀၀၀ဝိ/-

       ၂၀၁ဦးအထက်                                                    -          ၇၅၀၀ဝိ/-

       Speed Boat တစ်စီး                                            -       ၁၀၀၀၀ဝိ/-

လိုအပ်သော စာရွက်စာတမ်းများ

လိုင်စင်လျှောက်လွှာ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ် ပေးသည့် သက်တမ်းရှိပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်း ရှင်းကြောင်းလက်မှတ်၊ သက်တမ်း ရှိခရီးသည် ပို့ဆောင်ခွင့်(ခ)လိုင်စင် အပိုင်း(၁)၊အပိုင်း(၂)သက်တမ်းရှိရမည်။ ရုံးခွဲ၏ စစ်ဆေးချက် မှတ်တမ်း ခရီးစဉ်၊ စျေးနှုန်း၊ သင်္ဘောသားစာရင်း ။

လျှောက်ထားရန် အဆင့်များ

လိုင်စင်လျှောက်လွှာ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ် ပေးသည့် သက်တမ်းရှိပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်း ရှင်းကြောင်းလက်မှတ်၊သက်တမ်းရှိ ခရီးသည် ပို့ဆောင်ခွင့်(ခ)လိုင်စင် အပိုင်း(၁)၊အပိုင်း(၂)သက်တမ်းရှိရမည်။ ရုံးခွဲ၏ စစ်ဆေးချက် မှတ်တမ်း ခရီးစဉ်၊ စျေးနှုန်း၊ သင်္ဘောသားစာရင်းများဖြစ် ပါသည်။လျှောက်ထားသူ ဓါတ်ပုံ(၃)ပုံ၊ ရေယာဉ်ဓါတ်ပုံ(၃)ပုံ၊ရှေ့နောက်ဘေးစသည်တို့ စုံလင်ပါက အဆင့်ဆင့်မှ စိစစ်ပြီးလုပ်ငန်းလိုင်စင် ထုတ်ပေးပါသည်။ 

ဆက်သွယ်ရမည့်လိပ်စာ

 ရန်ကုန်ရုံး         -    ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၅၈/၆၂)၊ ဗိုလ်အောင် ကျော်လမ်းနှင့်ကမ်းနားလမ်းထောင့်၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

 မန္တလေးရုံး    -   ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊အမှတ်- ၂၁၁ ၂၉လမ်း၊ ၈၄ ×၈၅ကြား၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့။

 တောင်ကြီးရုံး  -        ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ကြံခိုင်ရေး ရုံး မြောက်ဖက်၊မြို့မရပ်ကွက်၊တောင်ကြီးမြို့။

Website လိပ်စာ

မရှိပါ