Call center ကဏ္ဍ


Ministry of Information / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)     သတင်းနားထောင်လိုသူသည် နေ့စဉ် နိုင်ငံတစ်ဝန်းလုံးရှိ သတင်းများထဲမှာ နိုင်ငံတော်အဆင့် သတင်းများနှင့် ထူးခြားဖြစ်စဉ်သတင်းများကို 1883 ဂဏန်း (၄)လုံးသို့ ဖုန်းမှတစ်ဆင့် ဆက်သွယ်နားထောင်နိုင်သည်။

(ခ)       သတင်းနားထောင်လိုသူသည် ဂဏန်း (၄)လုံးပါ call center သို့ ဆက်သွယ် ပါက ပထမအဆင့်အနေဖြင့် အလိုလျောက်ဖြေကြားမည့် သတင်းများအား နံပါတ် (၁) တွင် ထည့်သွင်းထားရှိမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့်ပတ်သက်သည့် အချက်အလက်များကို သိလိုလျှင် ကောလာဟလသတင်းများ၊ အင်တာနက် သတင်းများကို အတည်ပြုလို၍ မေးမြန်းလာမှုများကို အသေးစိတ်သိရှိလိုပါ က နံပါတ် (၂) ကိုနှိပ်၍ မေးမြန်းနိုင်မည်ဖြစ်ပါသည်။ အလိုလျောက် ပြောကြားမည့် သတင်းအတွင်းမှ ထပ်မံ၍ နံပါတ် (၁)ကို နှိပ်ပါက ပြည်တွင်း သတင်း၊ နံပါတ် (၂)ကို နှိပ်ပါက မိုးလေဝသနှင့် ရာသီဥတုသတင်း၊ နှင့် နံပါတ် (၃) ကို နှိပ်ပါက နောက်ဆုံးရထူးခြားဖြစ်စဉ်သတင်းများကို လွယ်လင့်တကူ နားဆင်နိုင်ရေးဆောင်ရွက်ထားသည်။

(ဂ)       အသေးစိတ်မေးမြန်းရာနေရာတွင် operator များမှ အသေးစိတ်ဖြေကြား သွားမည်ဖြစ်ပြီး ထိုသို့ဖြေကြားနိုင်ရန်အတွက် နောက်ဆုံးရနိုင်ငံတော် အဆင့် သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများနှင့် ပြန်ကြားရေးဝန်ကြီးဌာန နှင့်ဆက်စပ်သောအကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲမှ call center သို့ ပေးပို့နိုင်ရေး ဆောင်ရွက်ပါသည်။

လိုအပ်သော စာရွက်စာတမ်းများ

မရှိပါ။

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

မရှိပါ။

ဆက်သွယ်ရ မည့် လိပ်စာ

Hot line - 1883

Website လိပ်စာ

မရှိပါ။