အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ကျဉ်းပေးခြင်း


Ministry of Labour / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေနှင့် အကျုံးဝင်သက်ဆိုင် သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ ဖြစ်ရပါမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေအရ အလုပ်ရုံရှင်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသို့ပေးရန် နို့တစ်စာ

လျှောက်ထားရန် အဆင့်များ

ဝန်ဆောင်မှု ရယူရန် လျှောက်ထားရန် မလိုပါ။ ဦးစီးဌာနရှိ စစ်ဆေးရေး အရာထမ်းများက ဥပဒေနှင့် အကျုံးဝင် သက်ဆိုင်သည့် လုပ်ငန်းဖြစ်ပါက လာရောက်စစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရန် ညွှန်ကြားအချက်များကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁) နေပြည်တော်။

ဝန်ဆောင်မှုရရှိနိုင်သည့် တည်နေရာ

ဦးစီးဌာနလက်အောက်ရှိ ရုံးစိုက်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ စက်မှုဇုန်နှင့် မြို့နယ်ရုံးများ အားလုံးတွင် ဝန်ဆောင်မှု ရရှိနိုင်ပါသည်။

Website လိပ်စာ

မရှိပါ။