အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

Ministry of Information/ Naypyitaw / November 29, 2022
image_latest

နေပြည်တော် နိုဝင်ဘာ ၂၉

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နားခါတောင်ရပ်ကွက်နေ သန့်ဝေဟင်(ခ)ကိုသဲသည် ၎င်းအသုံးပြုသည့် “Ko Thae” Facebook အကောင့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ဘန်းလမွတ်ကျေးရွာနေ ချိုရည်ဖွေး(ခ)မိတုတ် နှင့် ကလွင်ကျေးရွာနေ လူမင်း(ခ)ရဲရင့်တို့သည့် ၎င်းတို့အသုံးပြုသည့် “Cho Ye Phawe” Facebook အကောင့်၊ “Lu Minn” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှု ဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရာတွင် ဇန်နဝါရီလ (၂၇)ရက်နေ့အထိ ဖြေဆိုသူနှင့် အောင်မြင်သူစာရင်း

အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရာတွင် ဇန်နဝါရီလ (၂၇)ရက်နေ့အထိ ဖြေဆိုသူနှင့် အောင်မြင်သူစာရင်း Ministry of Labour/ ရုံးအမှတ် (၅၁)၊ နေပြည်တော် / February 03, 2023...

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင် အေဂျင်စီစာရင်း (၂၈-၅-၂၀၁၀ မှ ၃၁-၁-၂၀၂၃ ထိ)

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင် အေဂျင်စီစာရင်း (၂၈-၅-၂၀၁၀ မှ ၃၁-၁-၂၀၂၃ ထိ) Ministry of Labour/ ရုံးအမှတ် (၅၁)၊ နေပြည်တော် / February 03, 2023 ...

ရေနည်းမည့်သတိပေးချက်

ရေနည်းမည့်သတိပေးချက်

နေ့စဉ်မြစ်ရေခန့်မှန်းချက်

နေ့စဉ်မြစ်ရေခန့်မှန်းချက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန်ရည်ရွယ်၍ ....................................................

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ အထိ(နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက်အရှိစာရင်းစောင်ရေ)

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ အထိ(နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက်အရှိစာရင်းစောင်ရေ)

Republic of the Union of Myanmar State Administration Council Martial Law Order No 7/2023 13th Waxing of Tabodwe 1384 ME 2 February 2023

1. Under the State Administration Council’s Martial Law Orders 1/2023, 2/2023, 3/2023, 4/2023, 5/2023 and 6/2023 dated 2 February 2023, the council has transferred the executive and judiciary power...

ကျွန်တော်တို့မြန်မာပြည်ကိုပြန်လာချင်လို့ အကြာကြီးမျှော်လင့်ခဲ့ရတယ်။ အခုချိန်မှာပြန်လာရတော့ ဝမ်းသာပါတယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့်...

Martial Law Order No 16/2023

Martial Law Order No 16/2023 Ministry of Information/ Naypyitaw / February 03, 2023