တရားဝင်ငါးဖမ်းဆီးခြင်းမှရရှိသည့် ရေထွက်ပစ္စည်းများဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်(Catch Certificate) ထုတ်ပေးခြင်း
တရားဝင်ငါးဖမ်းဆီးခြင်းမှရရှိသည့် ရေထွက်ပစ္စည်းများဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်(Catch Certificate) ထုတ်ပေးခြင်း
Ministry of Agriculture, Livestock and Irrigation / April 18, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
(က) မြန်မာ့ပင်လယ်ရေပြင်အတွင်းလုပ်ကိုင်နေသည့်် ငါးဖမ်းရေယာဉ်များမှဖမ်းဆီးရမိသည့် ပင်လယ်ရေထွက်ပစ္စည်းများဖြစ်ရမည်။
( ခ ) မြန်မာနိုင်ငံမှပင်လယ်ရေထွက်ပစ္စည်းများကို ဥရောပနိုင်ငံများသို့ တင်ပို့ခြင်း(သို့) ဥရောပနိုင်ငံများသို့ တဆင့်တင်ပို့မည့်နိုင်ငံများက တောင်းခံပါကထုတ်ပေးမည် ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
ပုံမှန်/နယ်စပ်ကုန်သွယ်ရေးတွင်ကုမ္ပဏီများမှ ကား၊လေယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့မည့်ပင်လယ်ရေထွက်ပစ္စည်းများအတွက် -
(က) Catch Certificate ထုတ်ပေးရန် ကုမ္ပဏီ၏လျှောက်လွှာ
( ခ ) အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေငြာလွှာ (Export Declaration)
( ဂ ) ရေထွက်ပစ္စည်းထွက်ရှိရာအရပ်မှ သယ်ယူခဲ့သည့် မျှောစာ
(Product Movement Document –PMD)
(ဃ) လေယာဉ် သို့မဟုတ် ကုန်တင်ရေယာဉ်ဖြင့် ကုန်ပစ္စည်းတင်ဆောင်မည့်ပြေစာ
( င ) ပို့ကုန်အမျိုးအစားနှင့် တန်ချိန်မှန်ကန်ကြောင်းကတိဝန်ခံချက်
( စ ) ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက် (Processing Statement)
နယ်စပ်ကုန်သွယ်ရေးတွင်ငါးသယ်ရေယာဉ်များဖြင့် တင်ပို့မည့် ပင်လယ်ရေထွက်ပစ္စည်းများအတွက်-
(က) ပြည်တွင်းငါးသယ်လိုင်စင်
( ခ ) ပြည်ပတင်ပို့ငါးသယ်လိုင်စင်
( ဂ ) ငါးလုပ်ငန်းဦးစီးဌာန၏ကုန်ပို့လွှာ (Invoice)
(ဃ) အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration)
( င ) ငါးဖမ်းရေယာဉ်များမှ ကုန်လွှဲပြောင်းရယူခဲ့သည့် ကုန်လွှဲပြောင်းမှတ်တမ်း (Transshipped Document)
( စ ) ဆိပ်ကမ်းခွန်များပေးဆောင်ပြီးကြောင်းထောက်ခံချက် (Port Clearance)
(ဆ) ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက် (Processing Statement)
ဝန်ဆောင်ခ
အခမဲ့
လျှောက်ထားရန်အဆင့်များ
အထောက်အထားစုံလင်ပါကငါးလုပ်ငန်းဦးစီးဌာန (ရန်ကုန်ရုံးခွဲ) နှင့် ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိခရိုင် ငါးလုပ်ငန်းဦးစီးဌာနများသို့ လျှောက်ထားရပါမည်။
Website လိပ်စာ
FAQs
တရားဝင်ငါးဖမ်းဆီးခြင်းမှရရှိသည့် ရေထွက်ပစ္စည်းများဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (Catch Certificate) ရရှိရန်အတွက် ဘာတွေလိုအပ်သလဲ။
ပုံမှန်/နယ်စပ်ကုန်သွယ်ရေးတွင်ကုမ္ပဏီများမှ ကား၊လေယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့မည့်ပင်လယ်ရေထွက်ပစ္စည်းများအတွက် -
(က) Catch Certificate ထုတ်ပေးရန် ကုမ္ပဏီ၏လျှောက်လွှာ
(ခ) အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration )
(ဂ) ရေထွက်ပစ္စည်းထွက်ရှိရာအရပ်မှ သယ်ယူခဲ့သည့် မျှောစာ (Product Movement Document –PMD)
(ဃ) လေယာဉ် သို့မဟုတ် ကုန်တင်ရေယာဉ်ဖြင့် ကုန်ပစ္စည်းတင် ဆောင်မည့်ပြေစာ
(င) ပို့ကုန်အမျိုးအစားနှင့် တန်ချိန်မှန်ကန်ကြောင်းကတိဝန်ခံချက်
(စ) ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement)
နယ်စပ်ကုန်သွယ်ရေးတွင်ငါးသယ်ရေယာဉ်များဖြင့်တင်ပို့မည့် ပင်လယ်ရေထွက်ပစ္စည်းများအတွက်-
(က) ပြည်တွင်းငါးသယ်လိုင်စင်
(ခ) ပြည်ပတင်ပို့ငါးသယ်လိုင်စင်
(ဂ) ငါးလုပ်ငန်းဦးစီးဌာန၏ကုန်ပို့လွှာ (Invoice)
(ဃ) အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration )
(င) ငါးဖမ်းရေယာဉ်များမှ ကုန်လွှဲပြောင်းရယူခဲ့သည့် ကုန်လွှဲပြောင်း မှတ်တမ်း(Transshipped Document)
(စ) ဆိပ်ကမ်းခွန်များပေးဆောင်ပြီးကြောင်းထောက်ခံချက်(Port Clearance)
(ဆ)ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement)