အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၄) ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် (၂၁) ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ထူးချွန်လမ်းတွင် နေအိမ်မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက် ဒုတိယ ရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၀၉/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်
ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ငွေလုံးငွေရင်း(ဖြည့်စွက်)စရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် စက်နှင့်စက်ပစ္စည်းဝယ်ယူမှုလုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီအမည်စာရင်း
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန် ပင့်ထောင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၉၀ ဒီဂရီ ပင့်ထောင် ပူဇော်ပြီးစီး
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ကသောင်-လက္ခဏ-ခလောက်ထောင်-လဆန်း-နောင်တုတ်-တမောစိန်-နော်ထူးဒီလမ်း ကတ္တရာလမ်းသစ်ဖွင့်လှစ်

Ministry of Information/ Naypyitaw / November 29, 2022

နေပြည်တော် နိုဝင်ဘာ ၂၈
အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၄) ကြိမ်မြောက် အလုပ်အမှု ဆောင်အဖွဲ့အစည်းအဝေးနှင့် (၂၁) ကြိမ်မြောက် အထွေထွေညီလာခံအား အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က ကြီးမှူး၍ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဗိုလ်ချုပ်ငွေသိန်း (အငြိမ်းစား) ဦးဆောင်သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသော အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၄) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည်။ အဆိုပါ အစည်းအဝေးသို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် (၂၁) ကြိမ်မြောက် အထွေထွေ ညီလာခံသို့ တင်သွင်းမည့် ဆုံးဖြတ်ချက် ၁၀ ခုကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပသော (၂၁) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရာက်ခဲ့သည်။ (၂၁) ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်း အနားသို့ H.E. GENERAL PRAYUT CHAN-O-CHA (Prime Minister and Minister of Defence, Chairman of the Veterans Council) က တက် ရောက်ဖွင့်လှစ်ပေးပြီး VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံမှ စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဇနီး များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သော ဆုံးဖြတ်ချက် ၁၀ ခုကို အဆိုပါ အထွေထွေညီလာခံ၌ အတည်ပြု၍ VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံက ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုးမှတ်တမ်းတင်ခဲ့သည်။
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်