ကြိုတင်ခွင့်ပြုချက်လျှောက်ထားခြင်း


Ministry of Hotel & Tourism / June 07, 2023

၁။ လုပ်ငန်းရှင်သည်ကြိုတင်ခွင့်ပြုချက်လျှောက်ထားရာတွင်အောက်ပါအချက်အလက်အထောက် အထားများဖြင့် ပူးတွဲလျှောက်ထားရမည်-

      (က) ကြိုတင်ခွင့်ပြုချက်တောင်းခံသည့်လျှောက်လွှာ။

      ( ခ) ကြိုတင်ခွင့်ပြုချက်အဆိုပြုလွှာပုံစံ

     ( ဂ) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံ ချက်။

    ( ဃ ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်။

    (င ) ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်။

    (စ) သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ထောက်ခံချက်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့၏စည်ပင်သာယာရေးနယ်နိမိတ်အတွင်းဖြစ်ပါကနေပြည်တော်      စည်ပင်သာယာရေးကော်မတီ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊)

   (ဆ) မြို့နယ်ရဲစခန်း၏ ထောက်ခံချက်။

   (ဇ ) မြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်။

  (ဈ ) မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်။

  ( ည ) တာဝန်ခံအင်ဂျင်နီယာ လက်မှတ်ရေးထိုးထားသည့်ဆောက်လုပ်မည့်ဟိုတယ် သို့မဟုတ် တည်းခိုရိပ်သာ အဆောက်အဦပုံစံ ( Site Plan / Floor Plan / Room Plan)

   (ဋ ) ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ ထောက်ခံချက်။

   (ဌ ) မြေပိုင်ဆိုင်မှုအထောက်အထား၊ မြေကိုငှားရမ်းခြင်းဖြစ်ပါကငှားရမ်းသည့်အထောက် အထား၊ အဆောက်အအုံကို ငှားရမ်းခြင်းဖြစ်ပါက ငှားရမ်းသည့်အထောက်အထား။

   (ဍ ) ဟိုတယ် သို့မဟုတ် တည်းခိုရိပ်သာ ဆောက်လုပ်ခြင်းအတွက် ငွေကြေးလုံလောက်မှု ရှိကြောင်း အထောက်အထား။

   (ဎ ) အဆိုပြုသည့် မြေနေရာနှင့်အဆောက်အအုံသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ဆက်စပ်တည်ရှိပါက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသန နှင့်  အမျိုးသားပြတိုက်ဦးစီးဌာန၏ ထောက်ခံချက်။

   (ဏ) အဆိုပြုသည့်မြေနေရာနှင့် အဆောက်အအုံသည် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေနှင့်ဆက်စပ်တည်ရှိပါက သစ်တောဦးစီးဌာန၏ထောက်ခံချက်။

   (တ)အဆိုပြုသည့်မြေနေရာသည်လေယာဉ်ကွင်းနှင့်နီးကပ်ပါက လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၏ ထောက်ခံချက်။

 

၂။ လုပ်ငန်းရှင်သည် ကြိုတင်ခွင့်ပြုချက်လျှောက်ထားရာတွင် အောက်ဖော်ပြပါအတိုင်း လိုက်နာ ဆောင်ရွက်ရမည်-

   (က)ဟိုတယ် သို့မဟုတ် တည်းခိုရိပ်သာ ဆောက်လုပ်ရန်သင့်လျော်သည့် မြေနေရာဖြစ်ပြီး မြေပိုင်ဆိုင်မှုအထောက်အထား၊ မြေကိုငှားရမ်းခြင်းဖြစ်ပါက ငှားရမ်းသည့်           အထောက် အထားခိုင်လုံစွာ တင်ပြရမည်။

   (ခ ) ဟိုတယ်သို့မဟုတ် တည်းခိုရိပ်သာ ဆောက်လုပ်မည့်မြေနေရာသည် လုပ်ငန်းသဘာဝ နှင့် သင့်လျော်သောနေရာဖြစ်ရမည်။

  (ဂ ) ဟိုတယ် အဆောက်အအုံဖြစ်လျှင် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ရမည်-

 

           (၁)မြေဧရိယာသည် အနည်းဆုံး ပေ ၄၀ × ပေ ၆၀နှင့်အထက်ရှိရမည်။

           (၂) အဆောက်အဦ၏ မျက်နှာစာအကျယ်မှာ အနည်းဆုံး ပေ ၃၀ ရှိရမည်။

     (၃) အနည်းဆုံးအိပ်ခန်းအရေအတွက် (၂၀) နှင့် အထက်ပါရှိရမည်ဖြစ် ပြီးအိပ်ခန်း များသည်တစ်ယောက်အိပ်ခန်းဖြစ်ပါက အလျား ၁၀ပေ၊ အနံ ၁၀ပေ၊ မျက်နှာ        (ဧရိယာ၁၀၀စတုရန်းပေ)ကျယ်ဝန်းရမည်ဖြစ်ပြီး နှစ်ယောက် အိပ်ခန်း ဖြစ်ပါက အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ မျက်နှာကျက်အမြင့် ၉ပေ၊ (ဧရိယာ၁၄၄ စတုရန်းပေ) ကျယ်ဝန်းရမည်။

          (၄) အိပ်ခန်းတိုင်းတွင် အလျား ၆ပေ၊ အနံ ၆ပေ၊အမြင့် ၉ပေ၊ သို့မဟုတ် အလျား ၇ပေ၊အနံ၅ပေ၊ အမြင့်၉ပေ၊ ကျယ်ဝန်းသည့် ရေချိုးခန်းနှင့် အိမ်သာ တွဲလျက် ပါရှိရမည်။

         (၅) ဘာသာရေး အဆောက်အအုံ၊ ကျောင်းစသည်တို့နှင့် လွတ်ကင်းပြီးဟိုတယ်

         (၆) သီးသန့်လှေကားပါရှိသော သီးခြားအဆောက်အအုံဖြစ် ရမည်။

    (၇) လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် (၃) ထပ်နှင့် အထက်အဆောက်အအုံဖြစ်ပါက အမှန်တကယ်သုံးစွဲနိုင်သည့် ကြံ့ခိုင်ကောင်း မွန်သော အရေးပေါ်ထွက်ပေါက်လှေကား တပ်ဆင်ရမည်၊မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အလိုအလျောက် မီးငြိမ်းသတ်စနစ်များ(Fire Alarm, Sprinkler၊ Fire Hoses Reel,) များတပ်ဆင်ထားရှိရမည်။

         (၈) အဆောက်အအုံသည် အလင်းရောင်နှင့် လေဝင်လေထွက် လုံလောက်ကောင်း မွန်ရမည်။

         (၉) အဆောက်အအုံသည် (၄)ထပ်နှင့်အထက်ဖြစ်ပါက အနည်းဆုံး ဓါတ်လှေကား (၁) စင်း တပ်ဆင်ရမည်။

        (၁၀) သင့်လျော်သည့် ယာဉ်ရပ်နားရန်နေရာပါရှိရမည်။

        (၁၁) ဟိုတယ်အဆင့်နှင့် လျော်ညီသည့် သင့်လျော်သော အသုံးအဆောင်များထားရ မည်။ (ဥပမာ Safety Box, Phone, လျှပ်စစ်ပလပ်များနှင့် Fridge အသေး စားများ)

        (၁၂) ဧည့်ခန်းနှင့် ဧည့်ကြိုကောင်တာနေရာ ပါရှိရမည်။

        (၁၃) အများသုံးနေရာများတွင် အများသုံးသန့်စင်ခန်း အနည်းဆုံး (၂) ခန်းပါရှိရ မည်။

       (၁၄) ​အိပ်ခန်းများကို မြေအောက်ထပ် (Basement) တွင် ဖွဲ့စည်းထားခြင်းမပြုရ။

       (၁၅) အလင်းရောင် နှင့် လေဝင်လေထွက်လုံလောက် ကောင်းမွန် ရမည်။

        (၁၆) အိပ်ခန်းတိုင်းသည် သီးခြားလွတ်လပ်လုံခြုံစွာ ဖွဲ့စည်းထားရမည်။

        (၁၇) စားသောက်ခန်းနှင့် စားဖိုဆောင်သီးခြားဖွဲ့စည်းထားရှိရမည်။

   (၁၈) ဟိုတယ်မှထွက်ရှိလာမည့်အမှိုက်သရိုက်များနှင့်ရေဆိုးမိလ္လာများအား ပတ်ဝန်း ကျင်ညစ်ညမ်းမှုမဖြစ်စေရေး သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်နှင့်အညီ စွန့်ပစ်မည့် အစီအမံပါရှိရမည်။အနည်စစ်ကန် (Bio Filter )များအောက်စီဂျင် မဲ့ (anaerobic) စနစ်များထားရှိရမည်။

 

 

(ဃ ) တည်းခိုရိပ်သာ အဆောက်အအုံဖြစ်လျှင် အောက်ပါသတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ရမည်-

 

        (၁) မြေဧရိယာသည် အနည်းဆုံး ပေ ၃၀ × ပေ ၆၀နှင့်အထက်ရှိရမည်။

      (၂) အဆောက်အဦ၏ မျက်နှာစာအကျယ်မှာ အနည်းဆုံး ပေ ၂၀ ရှိရမည်။

 

     (၃)အနည်းဆုံး အိပ်ခန်းအရေအတွက် (၁၀) ခန်းနှင့်အထက် ပါရှိရမည်ဖြစ်ပြီး အိပ်ခန်းများသည် တစ်ယောက်အိပ်ခန်းဖြစ်ပါက အလျား၁၀ ပေ၊ အနံ ၁၀ ပေ၊ မျက်နှာကျက်         အမြင့် ၉ပေ၊ (ဧရိယာ၁၀၀စတုရန်းပေ) ကျယ်ဝန်းရမည် ဖြစ်ပြီးနှစ်ယောက်အိပ်ခန်းဖြစ်ပါက အလျား ၁၂ပေ၊ အနံ၁၂ပေ၊ မျက်နှာကျက် အမြင့် ၉ပေ၊ (ဧရိယာ၁၄၄ စတုရန်း          ပေ) ကျယ်ဝန်းရမည်။

     (၄)အိပ်ခန်းတိုင်းတွင် အလျား ၆ပေ၊ အနံ ၆ပေ၊အမြင့် ၉ပေ၊ သို့မဟုတ် အလျား ၇ပေ၊ အနံ၅ပေ၊ အမြင့်၉ပေ၊ ကျယ်ဝန်းသည့် ရေချိုးခန်းနှင့် အိမ်သာတွဲလျက် ပါရှိရမည်။

      (၅) ဘာသာရေး အဆောက်အအုံ၊ ကျောင်းစသည်တို့နှင့် လွတ်ကင်းပြီး တည်းခိုရိပ်သာ လုပ်ငန်းဆောင်ရွက်ရန်သင့်လျော်သောနေရာဖြစ်ရမည်။

      (၆) အန္တရာယ်ကင်းရှင်းပြီး သီးသန့်လှေကားပါရှိသော သီးခြားအဆောက်အအုံ ဖြစ်ရမည်။

    (၇)လုံခြုံရေး နှင့် မီးဘေးအန္တရာယ်ကာကွယ် တားဆီးရေးအတွက် (၃) ထပ်နှင့် အထက်အဆောက်အအုံဖြစ်ပါက အမှန်တကယ်သုံးစွဲနိုင်သည့် ကြံ့ခိုင်ကောင်း မွန်သော        အရေးပေါ်ထွက်ပေါက်လှေကားတပ်ဆင်ရမည်၊ မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အလိုအလျောက် မီးငြိမ်းသတ်စနစ်များ(Fire Alarm, Sprinkler၊ Fire Hoses Reel,) များ တပ်ဆင်ထားရှိရမည်။

    (၈) အဆောက်အအုံသည် အလင်းရောင်နှင့် လေဝင်လေထွက်လုံလောက် ကောင်း မွန်ရမည်။

    (၉) ယာဉ်ရပ်နားရန် လုံလောက်သော အကျယ်အဝန်းရှိရမည်။

   (၁၀) ဧည့်ခန်းနှင့် ဧည့်ကြိုကောင်တာနေရာ ပါရှိရမည်။

   (၁၁) အများသုံးနေရာများတွင် အများသုံးသန့်စင်ခန်းပါရှိရမည်။

   (၁၂) ​အိပ်ခန်းများကို မြေအောက်ထပ် (Basement) တွင် ဖွဲ့စည်းထားရှိခြင်းမပြုရ။

   (၁၃) အိပ်ခန်းတိုင်းသည် အလင်းရောင်နှင့် လေဝင်လေထွက်လုံလောက် ကောင်းမွန် ရမည်။

   (၁၄) အိပ်ခန်းတိုင်းကို သီးခြားလွတ်လပ်လုံခြုံစွာ ဖွဲ့စည်းထားရမည်။

 (၁၅)တည်းခိုရိပ်သာမှထွက်ရှိလာမည့် အမှိုက်သရိုက်များနှင့် ရေဆိုးမိလ္လာများအား ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေရေး သက်ဆိုင်ရာဌာနများ၏ညွှန်ကြားချက် နှင့်အညီ       စွန့်ပစ်မည့်အစီအမံပါရှိရမည်။ အနည်စစ်ကန် ( Bio Filter ) များ အောက်စီဂျင်မဲ့ (anaerobic) စနစ်များ

  • ကြိုတင်ခွင့်ပြုချက်လျှောက်ထားခြင်း



FAQs