ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း


Ministry of Hotel & Tourism / June 07, 2023

၁။ ခရီးလှည့်လည်ရေးလုပ်ငန်းလုပ်ကိုင်သူသည် ခရီးလှည့်လည်ရေးလုပ်ငန်းကို အောက်ပါ သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းတည်ထောင်၍ လုပ်ကိုင်ဆောင်ရွက်ရမည်-

(က) ခရီးလှည့်လည်ရေးလုပ်ငန်းကို ကုမ္ပဏီလီမီတက်အဖြစ် ဖွဲ့စည်းလုပ်ကိုင်ခြင်းဖြစ်ပါက ယင်းလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကုမ္ပဏီများ      မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်၍ ဖွဲ့စည်း တည်ထောင်ရမည်။ သမဝါယမအသင်း ဖွဲ့စည်း လုပ်ကိုင်ခြင်းဖြစ်ပါက သမဝါယမဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနတွင် ယင်းလုပ်ငန်း အတွက် မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်ရမည်။

(ခ) ခရီးလှည့်လည်ရေးလုပ်ငန်းရုံးခန်းကို သီးခြားဖွဲ့စည်းထားရှိရမည်။ လုပ်ငန်း အမည်ကို သီးခြားဆိုင်းဘုတ်ဖြင့် ချိတ်ဆွဲထားရှိရမည်။

၂။ လုပ်ငန်းလိုင်စင်လျှောက်ထားသူသည် အောက်ပါအချက်အလက်၊ အထောက်အထားများ ဖြင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ လျှောက်ထားရမည်-

(က) ပြည်ဝင်ခရီးစဉ် နှင့် ပြည်တွင်းခရီးစဉ်

  • လိုင်စင်လျှောက်လွှာ ၊
  • သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်မိတ္တူ သို့မဟုတ် သမဝါယမအသင်း မှတ်ပုံတင် မိတ္တူ၊
  • ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် သမဝါယမဦးစီး ဌာနမှ အတည်ပြုထားသော ဒါရိုက်တာအဖွဲ့ဝင်စာရင်း၊ ရုံးခန်းလိပ်စာနှင့် အစုရှယ်ယာပါဝင်မှုစာရင်းမိတ္တူ၊

  • ဝန်ထမ်းစာရင်း၊

  • ဆောင်ရွက်မည့် ခရီးစဉ်များ၊ ဈေးနှုန်းများနှင့် ဝန်ဆောင်မှုပေးမည့် အစီအစဉ် များ (Tour Conditions and Agreement)၊
  • လျှောက်ထားသူ၏ ကိုယ်ရေးရာဇဝင် နှင့်မှတ်ပုံတင် မိတ္တူ၊
  • လျှောက်ထားသူ၏ (၆) လအတွင်း ရိုက်ထားသည့် ပတ်စ်ပို့အရွယ် ရောင်စုံ ဓါတ်ပုံ(၂)ပုံ၊

(ခ) ပြည်ပခရီးစဉ်

  • လိုင်စင်လျှောက်လွှာ၊
  • ပြည်ဝင်ခရီးစဉ် နှင့် ပြည်တွင်းခရီးစဉ် သက်တမ်းရှိသည့် လုပ်ငန်းလိုင်စင် မိတ္တူ၊
  • ကုမ္ပဏီမှ ဝန်ဆောင်မှုပေးမည့် ခရီးစဉ်များ၊ ဈေးနှုန်းများနှင့်ဝန်ဆောင်မှု ပေးမည့် အစီအစဉ်များ(Tour Conditions and Agreement )၊

  • ကုမ္ပဏီမှဆောင်ရွက်ပေးမည့်ဝန်ဆောင်မှုအပေါ် အပြည့်အဝတာဝန်ယူကြောင်း ကတိပြုချက် ကျမ်းကျိန်လွှာ၊

  • ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး သို့မဟုတ် လုပ်ငန်းတာဝန်ယူ ဆောင်ရွက်မည့်သူတစ်ဦးသည် ခရီးသွားလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂)နှစ်ရှိကြောင်း ယခင်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီ၏ ထောက်ခံချက်၊
  • လျှောက်ထားသူ၏ လ အတွင်း ရိုက်ထားသည့် ပတ်စ်ပို့အရွယ်ရောင်စုံ ဓါတ်ပုံ(၂)ပုံ၊
  • ဘာသာရေးဆိုင်ရာ ခရီးစဉ်များ ဆောင်ရွက်ပါက သက်ဆိုင်ရာဌာနများ၏ အမိန့် ညွှန်ကြားချက်များနှင့်အညီ တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုချက်၊



FAQs