ဆက်သွယ်ရေးစက်ပစ္စည်းများတင်သွင်းခွင့်လျှောက်ထားခြင်း(ယာယီ)


Ministry of Transport and Communications / December 28, 2021

ယာယီတင်သွင်းခွင့်လျှောက်ထားခြင်း

ဆက်သွယ်ရေးစက်ပစ္စည်းများ ယာယီတင်သွင်းခွင့်လျှောက်ထားလိုသူများသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ()၊ နေပြည်တော်သို့ လိပ်မူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်ထားရာ၌လိုအပ်သောအချက်အလက်များ

  • လျှောက်ထားလွှာ (တင်သွင်းလိုသည့် အကြောင်းအရင်း အပြည့်စုံနှင့်အချိန်ကာလဖော်ပြရန်)
  • ကုန်ရောင်း/ဝယ်ပြေစာ (သို့မဟုတ်) စက်ပစ္စည်းစာရင်း (ပစ္စည်း ၁ခုချင်းဆီ၏ Brand Name Model No နှင့် Quantity ဖော်ပြရန်)
  • နည်းပညာဆိုင်ရာ အချက်အလက်များ ဖော်ပြထားသော စက်ပစ္စည်း၏ကတ်တလော့
  • အသုံးပြုလိုသည့် ရေဒီယိုလှိုင်းနှုန်းနှင့် အသုံးပြုမည့်နေရာ (ရေဒီယို ဆက်သွယ်ရေးစက်ပစ္စည်းများ နှင့် ဂြိုဟ်တု ဆက်သွယ်ရေး စက်ပစ္စည်း များအတွက်)
  • သက်ဆိုင်ရာဝန်ကြီးဌာန၏ထောက်ခံစာ(လိုအပ်ပါက)
  • ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(သို့)ရောင်းဝယ်ခွင့်နှင့် စမ်းသပ်ပြသခွင့်လိုင်စင်(ရရှိထားပါက)
  • ကုမ္ပဏီမှတ်ပုံတင်ကဒ်၊ ပုံစံ ၆ နှင့် ပုံစံ ၂၆ (မိတ္တူမှန်)
  • နိုင်ငံတကာအသိအမှတ်ပြု Test Lab များမှ စစ်ဆေးထုတ်ပေး ထားသော Specific Absorption Rate (SAR) စစ်ဆေးမှုမှတ်တမ်း (မိုဘိုင်းဖုန်းဟန်းဆက်များ အတွက်သာ)
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့် (မိတ္တူမှန်) (MIC သို့ ဆက်လက်တင်ပြရမည်ဆိုပါက)



FAQs