မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ရန်အတွက် လိုအပ်ချက်များ (ရဲတပ်သားသစ် အမျိုးသား/ အမျိုးသမီး)


Ministry of Home Affairs / July 18, 2022

ရဲတပ်သားသစ်တစ်ယောက်ဖြစ်ရန် လိုအပ်ချက်များ

၁။  တိုင်းဒေသကြီး/ပြည်နယ်နှင့် တပ်ဖွဲ့များအတွက် ရဲတပ်သားသစ်စုဆောင်းရန် အရည်အချင်း သတ်မှတ်ချက်များ

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
  • ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
  • ပညာအရည်အချင်း(၈)တန်းအောင်နှင့်အထက်ရှိရမည်။
  • အရပ်အမြင့် ၅ ပေ ၂ လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • မျက်မြင် ၁၂ ချက်နှင့်ပြည့်စုံကောင်းမွန်သူဖြစ်ရမည်။
  • အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ်ထက် မကျော်သူဖြစ်ရမည်။
 

၂။  နယ်စပ်ဒေသရဲစခန်းများအတွက် ရဲတပ်သားသစ်စုဆောင်းရန် အရည်အချင်း သတ်မှတ်ချက်များ

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
  • ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
  • ပညာအရည်အချင်း(၄)တန်းအောင်နှင့် အထက်ရှိရမည်။
  • အရပ်အမြင့် ၅ ပေ ၂ လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
  • ဒေသခံဘာသာစကားတတ်ကျွမ်းသူဖြစ်ရမည်။
  • နယ်စပ်၊ တစ်ဖက်နိုင်ငံဘာသာစကား ရေး/ဖတ်/ပြောတတ်သူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • ဒေသအတွင်း အမြဲတမ်းတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
  • အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ်ထက် မကျော်သူဖြစ်ရမည်။
 

၃။  လုံခြုံရေးရဲတပ်ဖွဲ့ခွဲများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများအတွက် ရဲတပ်သားသစ် စုဆောင်းရန် အရည်အချင်း သတ်မှတ်ချက်များ

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
  • ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
  • ကြံ့ခိုင်ကျန်းမာသူဖြစ်ရမည်။
  • ပညာအရည်အချင်း (၆)တန်းနှင့် အထက်ရှိရမည်။
  • အရပ်အမြင့် ၅ ပေ ၂ လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
  • အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ်ထက် မကျော်သူဖြစ်ရမည်။
  • မျက်မြင် ၁၂ ချက်နှင့်ပြည့်စုံကောင်းမွန်သူဖြစ်ရမည်။
  • လုံခြုံရေးရဲတပ်ဖွဲ့ခွဲများအတွက် အမြဲတမ်းတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
 

၄။  မှုခင်းရဲတပ်ဖွဲ့အတွက် ရဲတပ်သားသစ်စုဆောင်းရန် အရည်အချင်းသတ်မှတ်ချက်များ

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
  • ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
  • ပညာအရည်အချင်း (၁၀)တန်းအောင်နှင့်အထက်ရှိရမည်။
  • အရပ်အမြင့် ၅ ပေ ၂ လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • မျက်မြင် ၁၂ ချက်နှင့်ပြည့်စုံကောင်းမွန်သူဖြစ်ရမည်။
  • အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ်ထက် မကျော်သူဖြစ်ရမည်။
 

၅။  လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-

  • ရဲတပ်ဖွဲ့သို့ ဝင်ရောက်လိုကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ။
  • ပညာအရည်အချင်းထောက်ခံချက်။
  • ၁၀ တန်းအောင်ဖြစ်ပါက ၁၀ တန်းအောင်လက်မှတ်မိတ္တူ။
  • ဘွဲ့ရဖြစ်ပါက အခြေခံပညာ ၁၀ တန်းအောင်လက်မှတ်မိတ္တူနှင့် ဘွဲ့ရလက်မှတ်မိတ္တူ။
  • မှတ်ပုံတင်မိတ္တူ။
  • အိမ်ထောင်စုဇယား(သန်းခေါင်စာရင်း)မိတ္တူ။
  • အလုပ်သမားမှတ်ပုံတင်ကတ်။
  • မိဘနှစ်ပါး/အုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်။
  • ရပ်ကွက်/ကျေးရွာအတွင်းနေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်။
  • ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်။
  • ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်။
  • အခြေခံရဲတပ်သားသစ်သင်တန်း တက်ရောက်နိုင်ကြောင်း ဝန်ခံချက်။
  • သင်တန်းပြီးဆုံး၍ တာဝန်ပေးအပ်ပါက မည်သည့်ဒေသတွင်မဆို ၅ နှစ် တာဝန်ထမ်းဆောင် နိုင်ကြောင်း ဝန်ခံချက်။
  • ပတ်စ်ပို့စ်ဓာတ်ပုံ ၄ ပုံ။

 ၆။ ရဲတပ်သားသစ် (အမျိုးသမီး) အရည်အချင်း သတ်မှတ်ချက်

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
  • အသက် ၁၈ နှစ်ထက်မငယ်၊ ၂၅ နှစ်ထက်မကြီးသူ။
  • အရပ်အနည်းဆုံး ၅ ပေ၊ ၃ လက်မနှင့်အထက်ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၀၀ ရှိရမည်။
  • ပညာအရည်အချင်း အနည်းဆုံး အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဒုတိယနှစ် အောင်မြင်ပြီးသူ။
  • နယ်ဘက်တရားရုံးများတွင် မှုခင်းကင်းရှင်းသူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • သတ်မှတ်ထားသော ဆေးစစ်ခြင်းကို အောင်မြင်သူဖြစ်ရမည်။
  • မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

 ၇။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-

  • ရဲတပ်ဖွဲ့သို့ဝင်ရောက်လိုကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ။
  • အခြေခံပညာ ၁၀ တန်းအောင်လက်မှတ်မိတ္တူ။
  • ဘွဲ့ရဖြစ်ပါက အခြေခံပညာ ၁၀ တန်းအောင်လက်မှတ်မိတ္တူနှင့် ဘွဲ့ရလက်မှတ်မိတ္တူ။
  • မှတ်ပုံတင်မိတ္တူ။
  • အိမ်ထောင်စုဇယား(သန်းခေါင်စာရင်း)မိတ္တူ။
  • အလုပ်သမားမှတ်ပုံတင်ကတ်။
  • မိဘနှစ်ပါး/အုပ်ထိန်းသူ သဘောတူညီကြောင်း ထောက်ခံချက်။
  • ရပ်ကွက်/ကျေးရွာအတွင်းနေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်။
  • ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်။
  • ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်။
  • အိမ်ထောင်မရှိ အပျိုဖြစ်ကြောင်းဝန်ခံချက်။
  • အခြေခံရဲတပ်သားသစ်သင်တန်း တက်ရောက်နိုင်ကြောင်းဝန်ခံချက်။
  • ရဲတပ်သားသစ်အဖြစ်ခန့်အပ်ခံရပါက (၂)နှစ်အတွင်း အိမ်ထောင်မပြုကြောင်းဝန်ခံချက်။
  • သင်တန်းပြီးဆုံး၍ တာဝန်ပေးအပ်ပါက မည်သည့်ဒေသတွင်မဆို (၅)နှစ် တာဝန် ထမ်းဆောင်နိုင်ကြောင်းဝန်ခံချက်။
  • ပတ်စ်ပို့စ် ဓါတ်ပုံ (၄)ပုံ။