ပြည်တွင်းရေကြောင်းသွား ရေယာဉ်များအားလိုအပ်သောတိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်၍ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးခြင်း။


Ministry of Transport and Communications / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • ရေယာဉ်အားရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရုံးခွဲ ရှိသောဆိပ်ကမ်းမြို့သို့သွားရောက်၍စစ်ဆေးမှုခံယူနိုင်ရန် လျှောက်ထားခြင်း၊
  • လွန်းပေါ်တွင်စစ်ဆေးမှုခံယူရန်ဖြစ်ပါကရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင်လွန်းကျင်းဆိုင်ရာ အချက်အလက်များ တင်ပြ၍အသိအမှတ်ပြုထားသော လွန်းကျင်းတွင်လွန်းတင်၍စစ်ဆေးမှုခံယူခြင်း၊
  • ပေးသွင်းရန် အခကြေးငွေများအား ပေးသွင်း၍ လက်မှတ်ထုတ်ယူခြင်း

ဝန်ဆောင်ခ

ရေယာဉ်၏လုံးပေါင်းတန်ချိန် (၁)ယူနစ်လျှင်-

မှတ်ပုံတင်ခ                -      ၁၀၀ ကျပ်

တိုင်းတာခ                 -      ၁၀၀ ကျပ်

တွက်ချက်ခ                -      ၁၀၀ ကျပ်

စစ်ဆေးခ                  -  ၅၀ ကျပ်

လိုအပ်သော စာရွက် စာတမ်းများ

ရေယာဉ်များ အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်း အတွက်-

ရေယာဉ်အား စစ်ဆေးမှုခံယူရန်လျှောက်လွှာ၊ ပိုင်ရှင်၏မှတ်ပုံတင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊ ရေယာဉ်အဟောင်းဖြစ်ပါက ယခင် ထုတ်ပေးထားသောရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်၊ ရေယာဉ်အား ပိုင်ဆိုင်ကြောင်းပိုင်ရှင်၏ကတိဝန်ခံချက်၊ ဤရုံးမှထုတ် ပေးထားသောအတည်ပြုပြီးရေယာဉ်ပုံစံ၊ ဤရုံးမှထုတ်ပေးထားသောတည်ဆောက်ခွင့်ပြုချက်၊ အင်ဂျင်စက်နံပါတ်ပါရှိသည့်ခဲခြစ်စာရွက်၊ ရေယာဉ်အုပ်စက်ခန်းအုပ် လက်မှတ်မူရင်း၊ ဆက်သွယ်ရေးစက် တပ်ဆင်ပြီးကြောင်း ထောက်ခံချက်၊ သင်္ဘောသားစာရင်း၊ သင်္ဘောသား များ အမှန်တကယ်ဆက်သွယ်နိုင်သည့်နေရပ်လိပ်စာ။

ဆက်သွယ်ရမည့်လိပ်စာ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။

Website လိပ်စာ

မရှိပါ။