ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ အဆောက်အဦးဆောက်လုပ်ခွင့်လျှောက်ထားခြင်းဝန်ဆောင်မှု


/ April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)   အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားလိုသူသည် အဆောက်အဦဆောက်လုပ်မည့် မြေနေရာ အား ပိုင်ဆိုင်ကြောင်း အထောက်အထား၊

( ခ )   ဘေးပတ်ဝန်းကျင်ရှိနေအိမ်များမှ ဆောက်လုပ်မှုအား ကန့်ကွက်ရန်မရှိကြောင်း အထောက်အထား၊

( ဂ )   တည်ဆောက်မည့် အဆောက်အဦဒီဇိုင်း၊ ခန့်မှန်း ကုန်ကျမှု တွက်ချက်စာရင်း၊

(ဃ)   ဆောက်လုပ်မည့်မြေ၏သိပ်သည်းမှုစမ်းသပ်ချက်များ ရယူထားရန် လိုအပ်ပါသည်။

ဝန်ဆောင်ခ

အဆောက်အဦကြီးကြပ်စစ်ဆေးခ(ဝန်ဆောင်ခ)အား ဆောက်လုပ်မည့် အဆောက်အဦတန်ဖိုး၏ (၁%)ပေးသွင်းရမည်ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)   မှတ်ပုံတင်မူရင်း၊ မိတ္တူ

( ခ )   သန်းခေါင်စာရင်းမိတ္တူ

( ဂ )   သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်

(ဃ)   မြေစာရင်းပုံစံ(၁၀၅)နှင့် မြေပိုင်ဆိုင်မှုအထောက်အထား

( င )   မီးသတ်ဦးစီးဌာနထောက်ခံချက်

( စ )   ကျန်းမာရေးဦးစီးဌာနထောက်ခံချက်

(ဆ)    မြို့နယ်လျှပ်စစ်ရုံးထောက်ခံချက်

( ဇ )   လိုင်စင်ရအင်ဂျင်နီယာရေးဆွဲတင်ပြသော Drawing, Sectionပုံစံများ

( စျ )   ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုစာရင်း

( ည )  ပိုင်ဆိုင်သည့်မြေဧရိယာတွင် ဆောက်လုပ်မည့်အဆောက်အဦ မြေဝင်ဆံ့မှုပြပုံ

( )   ကြီးကြပ်အင်ဂျင်နီယာနှင့်အိမ်ရှင်၏လုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်

 

လျှောက်ထားရန်အဆင့်များ

အထက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများနှင့် အဆောက်အဦ ဆောက်လုပ်ခွင့် လျှောက်လွှာအား သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပါသည်။

ဖြည့်စွက်ချက်များ

သုံးထပ်နှင့်အထက်အဆောက်အဦများအတွက် မြေသိပ်သည်းမှု စစ်ဆေးချက်၊

လေးထပ်နှင့်အထက်အဆောက်အဦများအတွက် အဆောက်အဦ ဆောက်လုပ်မှုအား တာဝန်ယူဆောင်ရွက်မည့်ကန်ထရိုက်တာလိုင်စင် မိတ္တူ၊

ကန်ထရိုက်တာနှင့်အိမ်ရှင်၏ လုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်၊

ငါးထပ်နှင့်အထက်အဆောက်အဦများအတွက် အဆောက်အဦခိုင်ခံ့မှု အတွက်Structure အင်ဂျင်နီယာမှ လက်မှတ်ရေးထိုးတင်ပြသော Drawing,Scheduleများ၊

အဆောက်အဦဆောက်လုပ်ခွင့် ကြီးကြပ်စစ်ဆေးခအတွက် ဆောက်လုပ်မည့်အဆောက်အဦတန်ဖိုး ၏(၁%)၊

အချက်အလက်ရယူရန်

ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ Facebook Page တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

အမှုဆောင်အရာရှိ                                   

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ 

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

ပုသိမ်ခရိုင်  (ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ရေကြည်၊ သာပေါင်း၊ ငပုတော၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ငါးသိုင်းချောင်း)

ဟင်္သာတခရိုင်  (ဟင်္သာတ၊ ကြံခင်း၊ ဇလွန်၊ မြန်အောင်၊ လေးမျက်နှာ၊ အင်္ဂပူ)

မအူပင်ခရိုင်  (မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော်)

မြောင်းမြခရိုင်  (မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ)

လပွတ္တာခရိုင်  (လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ပြင်စလူ)

Website လိပ်စာ

မရှိပါ။



FAQs