ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လျှောက်ထားခြင်း
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လျှောက်ထားခြင်း
Ministry of Industry and MSME Development / September 20, 2022
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့် အစီအစဉ်များ
အဆင့် (၁)
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ "ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း" ပုံစံ(၄)ကို ဖြည့်သွင်းပြီး ဖော်ပြပါ ပူးတွဲစာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည်-
(က) ကုမ္ပဏီ Letter Head ဖြင့် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေး ထိုးထားသည့် လျှောက်လွှာ(မှတ်ပုံတင် သို့မဟုတ် Passport မိတ္တူပူးတွဲ)
( ခ ) Proforma Invoice မိတ္တူ
( ဂ ) အရောင်းအဝယ်စာချုပ်မိတ္တူ
(ဃ) တင်သွင်းလိုသည့် ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းအား အသုံးပြုမည့် နည်းလမ်း(အသုံးပြုပုံ)
( င ) ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (D.R.I) မှ Analysis Report (မူရင်း/မိတ္တူ)
( စ ) Certificate of Analysis (COA)
(ဆ) အန္တရာယ်ကင်းရှင်းမှုအဆင့်မှတ်တမ်းလွှာ (MSDS)
( ဇ ) Myco တွဲမိတ္တူ အပါအဝင် ကုမ္ပဏီမှတ်ပုံတင်တွဲမိတ္တူ၊ "ထသက" မိတ္တူ
အဆင့်(၂)
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၀ အရ လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၄)အား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း (သို့) အခြားအချက်အလက်များ လိုအပ်ပါက လျှောက်ထားသူအား အကြောင်း ကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်အား ထုတ် ပေးမည်ဖြစ်သည်။
အဆင့်(၃)
လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက်လာရောက်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာမူရင်းနှင့်အတူ မှတ်ပုံတင် မိတ္တူတစ်စုံ ယူဆောင်လာရပါမည်။
မှတ်ချက်။ ထောက်ခံချက်လျှောက်ထားရယူခြင်းအတွက် အခကြေးငွေပေးဆောင်ရန်မလိုပါ။
ထောက်ခံချက်သက်တမ်းသည်ထုတ်ပေးသည့်နေ့မှ (၆) လအတွင်းသာဖြစ်သည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လျှောက်ထားခြင်း လျှောက်လွှာပုံစံ(၄)ကို အောက်တွင် Download ရယူနိုင်ပါသည်။
