ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ခြင်း (ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း) အတွက် ဘာဆယ်ကွန်ဗင်းရှင်း၏ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရန် တင်ပြလျှောက်ထားခြင်း

ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ခြင်း (ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း) အတွက် ဘာဆယ်ကွန်ဗင်းရှင်း၏ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရန် တင်ပြလျှောက်ထားခြင်း


Ministry of Natural Resources & Environmental Conservation / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ခြင်း (ပြည်ပသို့ တင်ပို့ခြင်း) ဆောင်ရွက်ရန် အောက်ဖော်ပြပါ အချက်များနှင့်ကိုက်ညီမှု ရှိရမည်-

(၁)တင်ပို့မည့်နိုင်ငံသည် ဘာဆယ်ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခြင်း၊

(၂)တင်ပို့မည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား တင်ပို့ မည့်နိုင်ငံတွင် ပတ်ဝန်းကျင်ကို မထိခိုက်စေသော နည်းလမ်း များဖြင့် သန့်စင်၍ ပြန်လည်အသုံးပြုနိုင်သည့် စက်ရုံ ရှိခြင်း၊

(၃)  တင်ပို့မည့်နိုင်ငံမှ အခွင့်ရအာဏာပိုင် (Competent Authority) နှင့် တင်သွင်းမည့်နိုင်ငံမှ အခွင့်ရအာဏာပိုင် (Competent Authority) တို့ အပြန်အလှန် ဆက်သွယ်အကြောင်းကြား၍ ခွင့်ပြုချက်ရရှိပြီးဖြစ်ခြင်း၊

 (၄)ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင် ရာတွင် ဘာဆယ်ကွန်ဗင်းရှင်းအရ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း များအတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်း။

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း များအား နယ်စပ်ဖြတ်ကျော်သယ်ယူ ပို့ဆောင်ခြင်း (ပြည်တွင်းသို့  တင်သွင်းခြင်း) ဆောင်ရွက်ရန် အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီမှုရှိရမည်-

(၁)တင်ပို့မည့်နိုင်ငံသည် ဘာဆယ်ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း၊

(၂)တင်သွင်းမည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ကို မထိခိုက်စေသောနည်းလမ်းများဖြင့် သန့်စင်၍ပြန်လည် အသုံးပြုနိုင်သည့် စက်ရုံရှိခြင်း၊

(၃)တင်ပို့မည့်နိုင်ငံမှ အခွင့်ရအာဏာပိုင်ပုဂ္ဂိုလ် (Competent Authority) နှင့် တင်သွင်းမည့်နိုင်ငံမှ အခွင့်ရအာဏာပိုင်ပုဂ္ဂိုလ် (Competent Authority) တို့ အပြန်အလှန် ဆက်သွယ် အကြောင်းကြား၍ ခွင့်ပြုချက် ရရှိပြီးဖြစ်ခြင်း၊

(၄)ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရာတွင် ဘာဆယ်ကွန်ဗင်းရှင်းအရ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်း။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်သယ်ယူ ပို့ဆောင်ခြင်း (ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း) အတွက် ဘာဆယ်ကွန်ဗင်းရှင်း၏ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရန် လျှောက်ထားလိုသူသည် အောက်ဖော်ပြပါ အထောက်အထား/ စာရွက်စာတမ်းများနှင့်အတူ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်-

(၁)       နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာ ဖြည့်စွက်ထားသည့် အသိပေးအကြောင်းကြားစာ (Notification Form) ၊

(၂)       တင်ပို့ခြင်းနှင့်ပတ်သက်၍ အကြောင်းပြချက် အသေးစိတ်ပါရှိသည့်လျှောက်လွှာ၊

(၃)       ဘေးအန္တရာယ်ရှိ စွန်ပစ်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရာတွင် မတော်တဆမှု ဖြစ်ပေါ်ခြင်းနှင့် စပ်လျဉ်း၍ တင်ပြသည့်  အာမခံအထောက်အထား စာရွက် စာတမ်းမိတ္တူ၊

(၄)       တင်ပို့သူနှင့် စွန့်ပစ်မည့်/ပြန်လည်အသုံးပြုမည့် စက်ရုံတို့အကြား ချုပ်ဆိုထားသည့် သဘောတူစာချုပ်မိတ္တူ၊

(၅)       စွန့်ပစ်မည့်/ပြန်လည်အသုံးပြုမည့် စက်ရုံ၏ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု နည်းလမ်း/လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ စာရွက် စာတမ်းများ၊

(၆)       သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အစိုးရဌာနတစ်ခုခု၏ ခွင့်ပြုချက်၊ လိုင်စင်။

လျှောက်ထားရန်အဆင့်များ

အဆင့် ၁

ဝန်ကြီးဌာနသို့ ခွင့်ပြုချက်လျှောက်ထားခြင်း။

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်သယ်ယူ ပို့ဆောင်ခြင်း မဆောင်ရွက်မီ အထောက်အထား/စာရွက်စာတမ်းများ နှင့်အတူ ဝန်ကြီးဌာနသို့ လျှောက်ထားရန် လိုအပ်သည်။

အဆင့် ၂

ဝန်ကြီးဌာန၏ ခွင့်ပြုချက်အား လက်ခံရရှိခြင်း။

တင်ပို့မည့်နိုင်ငံမှ အခွင့်ရအာဏာပိုင် (Competent Authority) နှင့် တင်သွင်းမည့်နိုင်ငံမှ အခွင့်ရအာဏာပိုင် (Competent Authority) တို့ အပြန်အလှန် ဆက်သွယ်အကြောင်းကြား၍ ခွင့်ပြုချက်ရရှိပြီးနောက် ခွင့်ပြု/မပြုအပေါ် ဝန်ကြီး ဌာနမှ တင်သွင်းသူ/တင်ပို့သူထံ အကြောင်း ပြန်ကြားမည်ဖြစ်ပါသည်။

အဆင့် ၃

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်း။

ဝန်ကြီးဌာနမှ ခွင့်ပြုချက်အား လက်ခံရရှိပြီးနောက်  ဘာဆယ်ကွန်ဗင်းရှင်းအရ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်၍ ခွင့်ပြုထားသည့်အချိန်ကာလအတွင်း ခွင့်ပြုထားသည့် ပမာဏအတိုင်း ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်သယ်ယူ ပို့ဆောင်ရမည်ဖြစ်ပါသည်။

အဆင့် ၄

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်း ဆောင်ရွက်ပြီးစီးပါက ပြန်လည်တင်ပြခြင်း။

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်း ဆောင်ရွက်ပြီးစီးပါက တင်သွင်းသူ/တင်ပို့သူမှ တင်ပို့မည့်နိုင်ငံမှ အခွင့်ရအာဏာပိုင် (Competent Authority) နှင့် တင်သွင်းမည့်နိုင်ငံမှ အခွင့်ရအာဏာပိုင် (Competent Authority) တို့ထံ ပြန်လည်တင်ပြရမည်ဖြစ်ပါသည်။

မှတ်ချက်

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်သယ်ယူ ပို့ဆောင်ရာတွင် တင်သွင်းသူ/တင်ပို့သူအနေဖြင့် အောက်ဖော်ပြပါ အချက်များကိုလည်း အထက် ဖော်ပြပါလုပ်ငန်းစဉ်အဆင့်ဆင့်တွင် အောက်ဖော်ပြပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်-

(၁)       ဘေးအန္တရာယ်ရှိ စွန်ပစ်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင် ခြင်းနှင့်စပ်လျဉ်းသည့် အထောက်အထား စာရွက်စာတမ်းများနှင့် အချက်အလက်များကို အခွင့်ရအာဏာပိုင်ပုဂ္ဂိုလ်မှ စိစစ်ပြီးနောက် ထပ်မံလိုအပ်သည့် / မပြည်စုံသည့် အထောက်အထား စာရွက်စာတမ်းများနှင့် အချက်အလက်များကို  ဝန်ကြီးဌာနသို့ ပြန်လည်တင်ပြခြင်း၊

(၂)       ဘေးအန္တရာယ်ရှိ စွန်ပစ်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင် ခြင်းနှင့်ပတ်သက်၍ ဘာဆယ်ကွန်ဗင်းရှင်းအရ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအတိုင်း သက်ဆိုင်ရာနိုင်ငံများ၏ အခွင့်ရအာဏာပိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များအကြား ဆက်သွယ်အကြောင်းကြားမှုအရ အကြောင်းပြန်ကြားချက်/အတည်ပြုပြန်ကြားချက်ကို ရရှိပြီးနောက် တင်ပို့မှုအကြိမ်တိုင်းတွင် အချက်အလက်များ ပြည့်စုံစွာပါရှိသည့် နယ်စပ်ဖြတ် ကျော်သယ်ဆောင် ခြင်းဆိုင်ရာ စာရွက်စာတမ်း (Movement Document) ကို ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

(၃)       နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရာတွင် မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

(၄)       ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရာတွင် တင်သွင်းမည့်နိုင်ငံမှ သတ်မှတ်ပြဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင် ရွက်ခြင်း၊

(၅)       ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရာတွင် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား ထုပ်ပိုးထားသည့် ကုန်သေတ္တာနှင့် အခြားလိုအပ်သည့် နေရာများတွင် ဘေးအန္တရာယ်ရှိကြောင်း ဖော်ပြသည့် အမှတ်အသားများကို တပ်ဆင်ခြင်း၊

(၆)       တင်သွင်းခွင့်/တင်ပို့ခွင့်အတွက် လိုင်စင်သက်တမ်းကုန်ဆုံးပါက လိုင်စင်အား သက်ဆိုင်ရာဝန်ကြီးဌာနတွင် သက်တမ်းတိုးပြီးနောက် သက်တမ်းတိုးမြှင့်ထားသည့် လိုင်စင်အား ဝန်ကြီးဌာနသို့ ပြန်လည်တင်ပြခြင်း၊

(၇)       ဘေးအန္တရာယ်ရှိ စွန်ပစ်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်သယ်ယူ ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍      လုပ်ငန်းလိုအပ်ချက်အရ ဝန်ကြီးဌာနမှ ညွှန်ကြားသည့် စည်းကမ်းချက်များကိုလည်း     လိုက်နာဆောင်ရွက်ခြင်း။

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ရုံးအမှတ် (၅၃)၊ နေပြည်တော်။

ဖုန်း - ၀၆၇-၄၃၁၃၂၁ ၊ ၀၆၇-၄၃၁၄၉၁

Website လိပ်စာ

www.ecd.gov.mm



Services (Online) - 0 items

No Data Available

HOT NEWS
January 4,