ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း


Ministry of Industry / September 20, 2022

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း

အဆင့် (၁)
    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် လိုအပ်သည်။
    မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လျှောက်လွှာပုံစံ(၇) နှင့်အတူ  ဖော်ပြပါ ပူးတွဲ စာရွက်စာတမ်းများဖြင့် တင်ပြရမည်-
    (က)    ကုမ္ပဏီ Letter Head ဖြင့် Managing Director (သို့) Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ(မှတ်ပုံတင်မိတ္တူပူးတွဲ)
    ( ခ )    လုပ်ငန်းလိုင်စင်မူရင်းနှင့် မိတ္တူ
    ( ဂ )    အသုံးပြုရန် အဆိုပြုတင်ပြသည့် ကုန်အမှတ်တံဆိပ်(အညွှန်းစာ) (၁) စုံ (မြန်မာ ဘာသာပြန်ဆိုချက်ဖြင့်)
    (ဃ)    ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် ထောက်ခံချက်မိတ္တူ များ
    ( င )    စက်ရုံ၊ မှတ်ပုံတင်ရရှိပြီးကြောင်း အထောက်အထားအတွက် မူရင်းနှင့်မိတ္တူ
    ( စ )    အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ(MSDS)
    (ဆ)    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး နည်း ဥပဒေများ(၂၆) ပါ အချက်အလက်များ
    ( ဇ )    Certificate of Analysis (COA)


အဆင့်(၂)
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ၂၅ အရ လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၇)အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း (သို့) အခြားအချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်း ကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား မှတ်ပုံတင်ခပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။


အဆင့်(၃)
    လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့ စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၏ ဘဏ်အကောင့် (MD-012564) သို့ မှတ်ပုံတင်ခပေးသွင်းရပါမည်။
(၁) မှတ်ပုံတင်ခ
     စဉ်    ဓာတုပစ္စည်းအရေအတွက်    နှုန်း(ကျပ်)        သက်တမ်း
    (က)       ၁ မျိုးမှ ၁၀ မျိုးထိ             ၅၀,၀၀၀           ၂ နှစ်
    ( ခ )    ၁၁ မျိုးမှ ၂၀ မျိုးထိ            ၁၀၀,၀၀၀          ၂ နှစ်
    ( ဂ )    ၂၁ မျိုးနှင့်အထက်              ၁၅၀,၀၀၀          ၂ နှစ်

(၂) မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခ
     စဉ်    ဓာတုပစ္စည်းအရေအတွက်    နှုန်း(ကျပ်)           သက်တမ်း
    (က)       ၁ မျိုးမှ ၁၀ မျိုးထိ             ၃၀,၀၀၀                ၂ နှစ်
    ( ခ )    ၁၁ မျိုးမှ ၂၀ မျိုးထိ             ၆၀,၀၀၀                ၂ နှစ်
    ( ဂ )    ၂၁ မျိုးနှင့်အထက်               ၉၀,၀၀၀                ၂ နှစ်
အဆင့်(၄)
    လျှောက်ထားသူကိုယ်တိုင်မှတ်ပုံတင်လက်မှတ်လာရောက်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင် မူရင်း၊ မိတ္တူတစ်စုံ နှင့်အတူ ယူဆောင်လာရပါမည်။

မှတ်ချက်။    မှတ်ပုံတင်လက်မှတ်သက်တမ်းသည် (၂) နှစ်သာဖြစ်သည်။

 

ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လျှောက်လွှာအား download ရယူနိုင်ပါသည်။

 



FAQs

Services (Online) - 0 items

No Data Available