နေပြည်တော်ကောင်စီ

နေပြည်တော်ဖြစ်ပေါ်လာပုံ

၁။      ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများသည် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်မှစတင်၍ နိုင်ငံတော်ရုံးစိုက်ရာဌာနအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ပြီး ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (/၂၀၀၆) မှ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်များပါဝင်သည့် ပျဉ်းမနားခရိုင်အဖြစ် ဖွဲ့စည်းခွင့်ပြုခဲ့သဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၆--၂၀၀၆ ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်အား ရမည်းသင်းခရိုင်နှင့် ပျဉ်းမနားခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး ပျဉ်းမနားခရိုင်တွင် ပျဉ်းမနား မြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်များ ပါဝင်ခဲ့ပါသည်။

၂။       အဆိုပါပျဉ်းမနားခရိုင်အား နေပြည်တော်ခရိုင်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၉--၂၀၀၉ ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နေပြည်တော်ခရိုင်အတွင်းပါဝင်သည့် မြို့နယ် အား နေပြည်တော်မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်ဟုသတ်မှတ်၍ မြို့အနေဖြင့် နေပြည်တော်မြို့၊ ပျဉ်းမနားမြို့၊ တပ်ကုန်းမြို့၊ လယ်ဝေးမြို့ ၄ မြို့နှင့် ရပ်ကွက် ပေါင်း ၃၂ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၈၂ အုပ်စု ဖွဲ့စည်းပေးခဲ့ပြီး ဧရိယာအကျယ်အဝန်းနှင့် နယ်နိမိတ် သည် ယခင်ပျဉ်းမနားခရိုင်၊ နယ်နိမိတ်အတိုင်းဖြစ်ပါသည်။

၃။      နေပြည်တော်ခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းပေးသည့် မန္တလေးတိုင်း နေပြည်တော်ခရိုင်၊ နေပြည်တော် မြို့နယ်အား ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏ သီရိမြို့နယ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၆--၂၀၀၉ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပါသည်။

၄။      ထိုသို့ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည့် နေပြည်တော်ခရိုင်အတွင်းရှိ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်များဖွဲ့စည်းထားရှိမှုအား ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၁--၂၀၁၃ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၁၁၆/၂၀၁၃) ဖြင့် တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ စုစုပေါင်း ၄ မြို့နယ်ကို စုစည်း၍ နေပြည်တော်မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်)အဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး မြို့နယ် ၄ မြို့နယ်၊ မြို့ ၄ မြို့၊ ရပ်ကွက် ၂၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၈ အုပ်စု၊ ကျေးရွာ ၃၆၂ ရွာဖြင့် ဖွဲ့စည်းထားပါသည်။ ထို့အတူ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ စုစုပေါင်း ၄ မြို့နယ်ကိုစုစည်း၍ နေပြည်တော်တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်)အဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး မြို့နယ် ၄ မြို့နယ်၊ မြို့ ၄ မြို့၊ ရပ်ကွက် ၂၅ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၉၉ အုပ်စု၊ ကျေးရွာ ၃၄၃၇ ရွာဖြင့် ဖွဲ့စည်းထားပါသည်။

၅။      ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၄၊ ပုဒ်မခွဲ (က)အရ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်သည့်နေ့၌တည်ရှိသော နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များအားလုံးပါဝင်သည်ဟု ပြဌာန်းထားချက်အရ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှလည်း ၂၈--၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄၅/၂၀၁၁)ဖြင့် နေပြည်တော်၏ နယ်နိမိတ်များသတ်မှတ်ထားရှိခဲ့ပါသည်။ နေပြည်တော် သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၀ အရ နိုင်ငံတော်၏ မြို့တော်ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၀ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားပါသည်။

၆။   ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ (၃၀--၂၀၂၂) ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၃၁၉/၂၀၂၂)ဖြင့် ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ် ()မြို့နယ်အား ဥတ္တရခရိုင်အဖြစ်လည်းကောင်း၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်()မြို့နယ်အား ဇေယျာသီရိခရိုင်အဖြစ်လည်းကောင်း၊ ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် ()မြို့နယ်အား ပျဉ်းမနားခရိုင်အဖြစ်လည်း ကောင်း၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်()မြို့နယ်အား လယ်ဝေးခရိုင်အဖြစ်လည်းကောင်း ခရိုင် ()ခရိုင် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

 

နေပြည်တော်၏ ပထဝီဆိုင်ရာအခြေအနေ

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၈ မိနစ်မှ ၂၀ ဒီဂရီ ၂၅ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ်မှ ၉၆ ဒီဂရီ ၄၅ မိနစ်အကြား၊ ပင်လယ်ရေပြင်အထက် ၃၇၇ ပေ အမြင့်တွင် တည်ရှိပြီး၊ ရန်ကုန်မြို့မှ မြောက်ဘက် ၂၄၄ မိုင်နှင့် မန္တလေးမြို့မှ တောင်ဘက် ၁၈၈ မိုင်၊ တောင်ကြီးမြို့ နှင့် လွိုင်ကော်မြို့၏ လမ်းဆုံမြို့ဖြစ်သော ပင်လောင်းမြို့မှ အနောက်ဘက် မိုင် ၁၀၀အကွာနှင့် မကွေးမြို့မှ အရှေ့ဘက် ၂၂၀ မိုင်အကွာတွင် တည်ရှိပါသည်။ အကျယ်အဝန်းအနေဖြင့် အရှေ့နှင့် အနောက် ၅၇.မိုင်၊ တောင်နှင့် မြောက် ၈၆.မိုင် ရှိသဖြင့် ဧရိယာ ၂၇၂၄.၂၅၆၃ စတုရန်းမိုင်၊ ဧကအားဖြင့် ၁၇၄၃၈၄၄ ဧက ကျယ်ဝန်းပါသည်။ နေပြည်တော်ရှိ မြို့နယ်များသည် ရှမ်းရိုးမနှင့် ပဲခူးရိုးမတောင်တန်း များကြားတွင်တည်ရှိပြီး တောင်ကုန်းတောင်တန်းများနှင့် မြေပြန့်လွင်ပြင်များ ညီမျှစွာရှိသောဒေသ ဖြစ်ပြီး သစ်တောများ၊ ဆည်ကန်များ၊ လျှို​မြောင်များရှိပြီး မြစ်ချောင်းများပေါများသည့် ဒေသတစ်ခု ဖြစ်ပါသည်။ ထင်ရှားသော မြစ်ချောင်းများမှာ ဆင်သေချောင်း၊ ငလိုက်ချောင်း၊ နဝင်းချောင်း၊ ပလွေး ချောင်း၊ ရေဆင်းချောင်း၊ ကျောက်မဆင်းချောင်း၊ ချောင်းမကြီးချောင်း၊ မတန်ဒီချောင်း၊ စက်စက်ယို ချောင်း၊ ပေါင်းလောင်းချောင်းတို့ဖြစ်ပြီး မြောက်မှ တောင်သို့ စီးဆင်းပါသည်။

၂။       နေပြည်တော်နယ်မြေတစ်ခုလုံးသည် ပူအိုက်စွတ်စိုသော အပူပိုင်းမုတ်သုံရာသီဥတုဖြစ်ပြီး နွေရာသီတွင် ပျမ်းမျှအမြင့်ဆုံးအပူချိန် ၄၁.ႚC နှင့် ဆောင်းရာသီအနိမ့်ဆုံးအပူချိန် ၁၂.ႚC ရှိပါ သည်။ ပျမ်းမျှမိုးရွာသွန်းမှု မိုးရွာရက် ၇၆ ရက်ခန့်ရှိပြီး မိုးရေချိန် ၄၃.၁၃ လက်မ ရှိပါသည်။

 

ဒေသသမိုင်းအကျဉ်း

၃။      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွဲ့စည်းထားရှိသည့် နယ်နိမိတ်ဧရိယာသည် ယခင် မန္တလေးတိုင်းတွင်ပါဝင်သည့် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်များ၏ နယ်နိမိတ် အား စုစည်း၍ နေပြည်တော်၏ နယ်နိမိတ်သတ်မှတ်ထားရှိခြင်းဖြစ်ပါသည်။ ထိုမြို့နယ်များ၏ ဒေသသမိုင်းအကျဉ်းအနေဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    တပ်ကုန်းမြို့နယ်      မြန်မာ့သမိုင်းတွင် ပုဂံခေတ်မတိုင်မီ တိဘက်မြန်မာအုပ်စုတွင် ပါရှိသော ပျူလူမျိုးတို့၏ အချက်အခြာဒေသ ၄ ခုအနက် တပ်ကုန်းမြို့၏ မြောက်ဘက် ညောင်လွန့်ကျေးရွာ အပါအဝင်ဖြစ်ပါသည်။ ပုဂံခေတ်အနော်ရထာမင်းလက်ထက် နယ်စား ၄၃ မြို့နယ်တွင် ပါဝင်ခဲ့ပါသည်။ တပ်ကုန်းမြို့နယ်ဖွဲ့စည်းမှုအား ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၅--၁၉၆၀ ရက်စွဲပါကြော်ငြာစာအမှတ်(၅၃၇)ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀--၂၀၁၁ နှင့် ၂၉--၂၀၁၁ ရက်စွဲပါအမိန့်ကြော်ငြာစာများအရ တပ်ကုန်း မြို့နယ်အတွင်း မြို့ ၁ မြို့၊ ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၉ အုပ်စု၊ ကျေးရွာခွဲပေါင်း ၁၇၆ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းပြီး ယခုအခါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်း ပါဝင်ပါသည်။

( )   ပျဉ်းမနားမြို့နယ်      ပျဉ်းမနားမြို့မှ မိုင် ၆၀ ခန့်အကွာရှိ လွယ်လုံတောင်မှ ရှမ်း ကုန်သည်များသည် ဝန်တင်နွားများဖြင့် ဆင်းလာရာ ရွာကောက်အရပ်တွင် ခရီး တစ်ထောက်ရပ်နားသည်။ ရွာကောက်အနီးဖြတ်စီးသော ငလိုက်ချောင်းမှာ ၁၀ တောင်မျှသာ ကျယ်ဝန်းသဖြင့် နွားနှင့်လူများကူးနိုင်ရန် (သို့မဟုတ်) နင်းသွားနိုင်ရန် ကြမ်းဖြင့်ပြုလုပ်ထားသော နင်းကြမ်းတံတားရှိပြီး ထိုတံတားအနီးတစ်ဝိုက်တွင် ရှိသောသူများ နေထိုင်သည့်အရပ်ကို နင်းကြမ်းမြို့ဟု ခေါ်တွင်ခဲ့ပါသည်။ ရှေးအခါက ကုန်သည်များ လာရောက်နားနေသောစခန်းအဖြစ်အသုံးပြုသည့် နေရာတွင် ဖန်ခါးပင်များစွာတွေ့ရသည်။ ပျဉ်းမနား ဟူသော အမည်သည် ရှမ်းဘာသာစကားဖြင့် "ပင်မုံန" ဟူသော စကားများမှ ဆင်းသက်လာဟန်ရှိသည် 'ပင်' - စခန်း၊ 'မုံ' - အသီး၊ '' -ဖန်းခါး ဖြစ်သည်။ "ပင်မုံန"သည် ဖန်းခါးသီးစခန်းဟု မှည့်ခေါ်ဟန် ရှိသည်။ ပျဉ်းမနားမြို့ သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၉-၁၁-၁၉၇၂ ရက်စွဲပါစာ အမှတ်/ ၁၀၃/ ၅၀ / စိတ် ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဖွဲ့စည်းထားသော မြို့နယ်ဖြစ်ပြီး ထိုစဉ်က ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၆၀ အုပ်စု၊ ကျေးရွာပေါင်း ၃၀၃ ရွာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ မြို့နယ်အသစ်များ တိုးချဲ့ဖွဲ့စည်းခဲ့သောကြောင့် ပျဉ်းမနားမြို့နယ်အား ပြည်ထဲရေးဝန်ကြီးဌာန၏ ၈-၁၂-၂၀၁၀ ရက်စွဲပါစာအမှတ်၊ ၂၀၀/ ၃၁ - / ဦး ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၀ အုပ်စု၊ ကျေးရွာပေါင်း ၁၁၄ ရွာဖြင့် ဖွဲ့စည်းရာမှ ယခုအခါတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၈--၂၀၁၃ ရက်စွဲပါအမိန့်အမှတ် (၈၄၇/၂၀၁၃)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာပေါင်း ၁၄၀ ဖြင့် ဖွဲ့စည်းထားပါသည်။

( ဂ )   လယ်ဝေးမြို့နယ်။      လယ်ဝေးမြို့နယ်ဖြစ်ပေါ်လာပုံမှာ ကောဇာသက္ကရာဇ် ၁၉၁ ခုနှစ်တွင် မောင်နွဲ့ဆိုသူတစ်ဦးက တောင်ကုန်းတစ်ခုပေါ်တွင် စတင်တည်ထောင်ခဲ့သောကြောင့် ရှေးကနဦးအစက (ငနွဲ့ကုန်းမြို့)(နွယ်ကုန်းမြို့)ဟုခေါ်သည်။ ထို့နောက်တစ်ဖန် ဝါးနွယ်ကုန်းဟု အမည်တွင်ပြန်သည်။ ခရစ် သက္ကရာဇ် ၁၇၈၈ ခုနှစ်မှ ယနေ့ အထိ လယ်ဝေးမြို့ဟု အမည်တွင်သည်။ အဦးအစ မောင်နွဲ့ တည်ထောင်ခဲ့သော ငနွဲ့ကုန်းမြို့သည် ပလွေးချောင်းနှင့် ချောင်းမငယ်ချောင်းတို့ ပေါင်းဆုံရာဖြစ်သော သံလျှက် စွန်းကုန်းမြေ ယခုမြို့ကုန်းရွာ ဘေးရန်လုံခြုံရေး အတားအဆီးများ မြို့ရိုးသဏ္ဍာန်များကို တွေ့ရှိရခြင်းဖြင့် သိရှိနိုင်ပါသည်။ မြို့စတင်တည်ထောင်သည့် အချိန်ကာလအား အကြောင်းပြု၍ ယနေ့တိုင်မြို့ကုန်းဟု ထင်ရှားခေါ်ဝေါ်နေသည့်အပြင် ထိုကဲ့သို့ တည်ထားခဲ့သော သာဓကအဖြစ် ယနေ့တိုင်မြို့ရိုးသဏ္ဍာန်များ တွေ့ရှိရခြင်းဖြင့် သိရှိနိုင်ပါသည်။ မြို့စတင်တည်ထောင်သည့် အချိန်ကာလမှ ပုဂံခေတ်ဦးပိုင်း ပျဉ်းပြားမင်း နန်းမတက်မီ ၁၇ နှစ်ခန့်ကဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ကောဇာသက္ကရာဇ် ၇၀၄ ခုနှစ် ငါးစီးရှင်ကျော်စွာမင်း လက်ထက်၌ လယ်ဝေးမြို့ ခေါ်(နွယ်ကုန်း) (ဝါးနွယ်ကုန်း)မြို့ တည်ထားသည်ဟု ငနွယ်ကုန်းမြို့ သူကြီး ဦးမောင်မောင်ရေးသော ရမည်းသင်းခရိုင် သမိုင်းရာဇဝင်တွင် တွေ့ရှိရပါသည်။ လယ်ဝေးမြို့နယ်၏အနောက် ဘက်ရှိ ပဲခူးရိုးမနှင့်တစ်ဆက်တည်း တည်ရှိနေလေရာ ထိုခေတ်က (ငနွယ်ကုန်း)၏ ပတ်ဝန်းကျင်သည် သစ်တောများ ထူထပ်စွာတည်ရှိပြီး ငနွဲ့ကုန်းသားတို့၏ လယ်ယာမြေစိုက်ကွင်းများသည် ယခုလယ်ဝေးမြို့နယ်၌ တည်ရှိနေသဖြင့် လယ်နှင့်ဝေးသော ငနွယ်သားတို့သည် လယ်ကွင်းစိုက်ကွင်းများနှင့် နီးစပ်ရာသို့ သွားရောက်အခြေစိုက်ကာ လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ကြရင်း တဲများ၊ အိမ်များ၊ လူနေအိမ်ခြေ တစ်စတစ်စ စုပေါင်းများပြားလာပြီးလျှင် လယ်ဝေးမြို့ဟူသော အမည်ထင်ရှားလျက် မြို့နယ်ရုံးစိုက်ရာမြို့အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ နွဲ့ကုန်းရွာသည်ကား လယ်ဝေးမြို့၏ အနောက်တောင်စွန်းတွင် မြို့ကုန်းဟူသော ကျေးရွာအနေဖြင့် ပါဝင်လျက်ရှိသည်။ လယ်ဝေးမြို့အဖြစ် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၉-၁၁-၁၉၇၂ ရက်စွဲပါစာအမှတ်၊ ၁၀၃ / ၅၀ / စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း၊ ကျေးရွာအုပ်စုများအား ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၂၈-၂-၁၉၇၃ ရက်စွဲပါ စာအမှတ်၊ ၃ / ၇၆ / အထ(၂)ဖြင့် အမိန့်ကြော်ငြာစာနှင့် ၂၈-၈-၁၉၇၃ ရက်စွဲပါ စာအမှတ်၊ ၃ / ၇၆ /အထ(၂) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ(ပြင်ဆင်ချက်)ဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ၂၃-၉-၂၀၁၄  ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၁၁၀၇/ ၂၀၁၄)ဖြင့် ယခုလယ်ဝေးမြို့နယ်တွင် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၀ အုပ်စု၊ ကျေးရွာပေါင်း  ၂၆၁ ရွာ ဖြင့် ဖွဲ့စည်းထားရှိခဲ့ပါသည်။

 

နေပြည်တော်ကောင်စီဖွဲ့စည်းမှု

၁။      ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အုပ်ချုပ်ရေးအတွက် နေပြည်တော်စည်ပင် သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များပါဝင်သည့် နေပြည်တော်၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ထားရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းအား နေပြည်တော်ကောင်စီဟု သတ်မှတ်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား နိုင်ငံတော်သမ္မတရုံး၏ ၂၆--၂၀၁၆ ရက်စွဲပါ ကြေညာချက်အမှတ်(/၂၀၁၆)ဖြင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦး၊ ကောင်စီဝင် ဦးဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၅၊ ပုဒ်မခွဲ() ပုဒ်မခွဲငယ်() ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၁ နှင့် နေပြည်တော်ကောင်စီဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(က)တို့အရ ဖွဲ့စည်းပေးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၀၊ နေပြည်တော်ကောင်စီ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ()အရ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူးက နေပြည်တော်ကောင်စီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပါသည်။