News & Media

Latest News - 74961 items

(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များအား ချီးကျူးပူဇော်ပွဲ အခမ်းအနား ကျင်းပမည်

Ministry of Information / Posted on April 25, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၁၃၈၆ ခုနှစ် ကဆုန်လဆန်း ၆ ရက် မေ ၁၃ ရက်(တနင်္လာနေ့) နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့် ပြခန်းများခင်းကျင်းနေမှု ပြည်​ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်​ဆေး​

Ministry of Information / Posted on April 25, 2024

နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ အခမ်းအနားအတွက် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) (MICC II) ၌ ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့် ပြခန်းများ ခင်းကျင်းနေမှုတို့ကို ယနေ့ ည​နေပိုင်းတွင် ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်း သွား​ရောက်ကြည့်ရှု စစ်​ဆေးအား​ပေးသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Ministry of Information / Posted on April 25, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ ကျုံမ် အန်းဗွီကြတ် (Mr.CHUM Angvichet) အား ယနေ့မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ် ပြည်ပသို့ တင်ပို့မှုများချင့်ချိန်

Ministry of Information / Posted on April 25, 2024

မြန်မာတို့၏ နေ့စဉ်အဓိကစားသုံးမှုတွင် ဆန်က ပထမ၊ ဆီက ဒုတိယဖြစ်သည်။ အဓိကစားသုံးသီးနှံ ဆန်နှင့်ဆီတို့ကို ပြည်တွင်း ၌ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ဆန်သာလျှင် ဖူလုံပြီး ဆီမဖူလုံမှုကြောင့် လိုအပ်သမျှကို ပြည်ပမှ ဝယ်ယူတင်သွင်းရသည်။ ပြည်တွင်းဆီထုတ်လုပ်မှုမပါ နှစ်စဉ်ပြည်ပမှ ဆီတန်ချိန် ရှစ်သိန်းမှ ကိုးသိန်းအထိ တင်သွင်းနေရခြင်းဖြစ်ရာ ပြည်တွင်း ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းဆီ ဖူလုံရေးအတွက် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးကြိုးပမ်းဆောင်ရွက်

Ministry of Information / Posted on April 25, 2024

မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲ၊ ပြောင်း၊ နှမ်း စသည့် ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့မှုရှိသော်လည်း စားသုံးဆီကို ပြည်တွင်းလိုအပ်ချက်ရှိသမျှ ပြည်ပမှတင်သွင်းနေရသည်။ ဆီထွက်သီးနှံများ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်ပမှ စားသုံးဆီတင်သွင်းနေရမှုကို ဆန်းစစ်သုံးသပ်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် စားသုံးဆီထုတ်လုပ်နိုင်မှု ကွာခြားနေသည့်အခြေအနေကို အဖြေရှာဆောင်ရွက်ကြရမည်ဖြစ်သည်။

နတ်‌မောက်မြို့တွင် လမ်းသွားလမ်းလာများနှင့် ဒေသခံပြည်သူများကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

Ministry of Information / Posted on April 24, 2024

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နှင့် မြို့သစ်မြို့အကြားရှိ လမ်းဆုံတွင် လမ်းသွားလမ်းလာ လူငယ် ၂၀ ခန့်ကို ဧပြီလ ၂၃ ရက်နေ့က အကြောင်းမဲ့တားဆီးစစ်ဆေးပြီး စစ်မှုထမ်းဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ကွင်းကြီးကျေးရွာ၊ အောင်သာကျေးရွာ၊ သီးချောင်းကျေးရွာနှင့် ထနောင်ကုန်းကျေးရွာတို့မှ လူငယ်များကို နေအိမ်ထဲထိဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Apr 25, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 24, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Apr 23, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Apr 22, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Apr 16, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Apr 15, 2024
HOT NEWS
January 4,