စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance နှင့် Enterprise Resource Planning (ERP) system တို့အား စတင်အသုံးပြုခြင်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance နှင့် Enterprise Resource Planning (ERP) system တို့အား စတင်အသုံးပြုခြင်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / September 28, 2021
image_latest


ရန်ကုန် စက်တင်ဘာ ၂၈

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance နှင့် Enterprise Resource Planning (ERP) system တို့ကို စတင်အသုံးပြုခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁  နာရီက ရန်ကုန်မြို့၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (ရုံးချုပ်) အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်  ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထား သော ဧည့်သည်တော်များက နေပြည်တော်မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က  Video Clip ဖြင့် အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခါတွင် တစ်ကမ္ဘာလုံး၌ နည်းပညာဗဟိုပြုပြီး လုပ်ငန်းဆောင်ရွက် နေကြသဖြင့် မိမိတို့အနေဖြင့်လည်း IT နည်းပညာကို ထိရောက်စွာအသုံးပြုဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊  သို့မှသာ ဘဏ်လုပ်ငန်းနှင့် ငွေကြေးစီးဆင်းရေးဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမားရိုးကျ ဘဏ်လုပ်ငန်းစနစ်များအစား နိုင်ငံတကာအဆင့်မီဘဏ်လုပ်ငန်းစနစ်များသို့ ပြောင်းလဲနိုင်ရန် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်ဘဏ်များအနေဖြင့် Digital Transformation နှင့် Business Process Transformation တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုက်တွန်းအားပေး ဆောင်ရွက်လျက်ကြောင်း၊ ယင်းသို့ တွန်းအားပေးဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုအဖြစ် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် Digital Transformation အဆင့်တစ်ခုကို အောင်မြင်စွာရောက်ရှိမှတ်တိုင် စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ Banking 4.0 အကောင်အထည်ဖော်ရေး ဆောင်ရွက်ကြသည့်အချိန်တွင် အရေးပါဆုံးအခြေခံစနစ်သည် Core Banking System ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်း ဆောင်ရွက်ရာတွင် နည်းပညာ၊ ကျွမ်းကျင်မှုများကိုအသုံးပြုပြီး ငွေသားကိုင်ဆောင် အသုံးပြုရသည့်စနစ် Cash Based System မှ ကတ်အခြေခံစနစ် Card Based System ထိုမှတစ်ဆင့် ကတ်အသုံးပြုရန်မလိုသည့်စနစ် Card Less System စသည်ဖြင့် ငွေကြေးလွှဲပြောင်း မှုကိစ္စရပ်များအား လုံခြုံလွယ်ကူလျင်မြန်စွာ ဆောင် ရွက်နိုင်ရန် Degital Banking System များအား တွင်ကျယ်စွာဆောင်ရွက်လာခဲ့ကြသည်ကို တွေ့မြင်ရကြောင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် အနေဖြင့် ကမ္ဘာအဆင့်မီ Digital Core Banking တစ်ခုဖြစ်သည့် Intellect Digital Core 19.1 ကို အောင်မြင်စွာအကောင်အထည်ဖော်ပြီး ဖြစ်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အဆိုပါစနစ်အားအခြေခံပြီး ပြည်သူလူထု နှင့် စီးပွားရေးလုပ်ငန်းများအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်ပေးသွားနိုင် မည်ဖြစ်ကြောင်း၊ ၎င်းအပြင် ဘဏ်တွင်းစီမံခန့်ခွဲမှုများနှင့် Operation Management အတွက် Enterprise Resource Planning (ERP) စနစ်တစ်ခုကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင် ခဲ့ပြီး၊ အဆိုပါစနစ်သည် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၏ Office Automation Operation Management နှင့် Risk Management တို့ကို ပိုမိုကောင်းမွန်ထိရောက်စွာ ဆောင်ရွက်နိုင်စေမည် ဖြစ်ကြောင်း၊ မကြာတော့သည့်အချိန်တွင် ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများ အချိန်ပြည့် ဝန်ဆောင်မှုပေးနိုင်မည့် Internet Banking Mobile Banking စနစ်များကိုလည်း ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဟု သိရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီက နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Digital Transformation Journey Video Core Banking and Trade Finance နှင့် Enterprise Resource Planning (ERP) system လုပ်ငန်းဆောင်ရွက်ပုံကို ဗီဒီယိုဖြင့် ပြသသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံပိုင်ဘဏ်တစ်ဘဏ်ဖြစ်ပြီး မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရဖွဲ့စည်းတည်ထောင်သည့်ဘဏ်ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာဘဏ်လုပ်ငန်း၊ ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ATM Card Services ဝန်ဆောင်မှုစသော ဘဏ် လုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုကဲ့သို့ Core Banking System ကို အသုံးပြုနိုင်ခြင်းဖြင့် ဘဏ်လုပ်ငန်းများအားလုံး အချိန်နှင့်တစ်ပြေးညီ Real – Time ဝန်ဆောင်မှုပေးနိုင်ခြင်းကြောင့် Customer များအနေဖြင့် ပိုမို အဆင်ပြေမြန်ဆန်သည့် ဘဏ်ဝန်ဆောင်မှုများကို ရရှိလာမည်ဖြစ်ပြီး၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ အား ယခုထက်ပိုမိုလွယ်ကူလျင်မြန်စွာနှင့်လုံခြုံစိတ်ချစွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

မကြာမီအချိန်အတွင်း Internet Banking Mobile Banking ဝန်ဆောင်မှုများကိုလည်း Core Banking System နှင့်ချိတ်ဆက်၍ ဝန်ဆောင်မှုပေးလာနိုင်မည်ဖြစ်ပြီး Bill Payment ဝန်ဆောင်မှုများ၊ အခွန်ငွေပေးဆောင်ခြင်း စသည့်ဝန်ဆောင်မှုများကိုလည်း ရရှိလာမည်ဖြစ်၍ Customer များ အနေဖြင့် ဘဏ်သို့လာရောက်ရန်မလိုအပ်ဘဲ ဘဏ်ဝန်ဆောင်မှုများကို ၂၄နာရီ အချိန်မရွေး၊ နေရာ မရွေး ရယူနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံပိုင်ဘဏ်တစ်ဘဏ်အနေဖြင့် Core Banking System ကို အောင်မြင်စွာ စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)


၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Oct 20, 2021

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၁၉ ရက်၊အင်္ဂါနေ့။


Posted on Oct 19, 2021

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၁၈ ရက်၊တနင်္လာနေ့။


Posted on Oct 18, 2021

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၁၇ ရက်၊တနင်္ဂနွေနေ့။


Posted on Oct 17, 2021

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၁၆ ရက်၊စနေနေ့။


Posted on Oct 16, 2021

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁၅ ရက်၊သောကြာနေ့။


Posted on Oct 15, 2021
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း (၃၀/၂၀၂၁)

Posted on Oct 18, 2021

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း (၃၀/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု...

Posted on Oct 15, 2021

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက်ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆို ခဲ့သည့် (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ပင် ဖြစ်ပါသည်။ ရဟန်းရှင်လူပြည်သူအပေါင်းနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး အေးချမ်းသာယာသော လူမှုဘဝများ ပိုင်ဆိုင်နိုင်ကြ ပါစေကြောင်းနှင့် နိုင်ငံတော်အကျိုး၊ ပြည်ထောင်စုအကျိုး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ဆတက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါသည်။