ကြေညာချက်

Latest News - 75885 items

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်

Ministry of Information / Posted on May 17, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ “ဥတုရာသီဒဏ်တွန်းလှန်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပညာရေးမှ အခြေချပေး” (Building Climate Resilience from the Start: Early Childhood Education for Sustainable Future) ဟူ သော ဦးတည်ချက်ဖြင့် ကျင်းပသည့် ASEAN Ministerial Meeting on Ensuring Equal Access to Quality Early Child- hood Development and Care  အစည်းအဝေးသို့ တက်ရောက်သည်။

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရမည်းသင်းမြို့နယ်ရှိ သမဝါယမအသင်းသား ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ

Ministry of Information / Posted on May 17, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ထန်းတောနှင့် ကြံပင်ကျေးရွာသို့သွားရောက်ပြီး အသင်းသားတောင်သူ ၆၁ ဦး၏ လယ်မြေ ၂၀၂ ဧကတွင် B-31 ဝါမျိုး စိုက်ပျိုးထားသည့် ရွှေကြံပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများပံ့ပိုးပေးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ Grade A၊ Grade B အဆင့်မီဝါများရရှိရေးအတွက် သက်ဆိုင်ရာဌာနများက ပညာပေးရေးနှင့် လိုအပ်သော စိုက်ပျိုးရေရရှိရေးတို့အတွက် ညှိနှိုင်းမှာကြားသည်။

နေ့စဉ်မိုးလေဝသသတင်း

Ministry of Transport and Communications / Posted on May 17, 2024

နေ့စဉ်မိုးလေဝသသတင်း

မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့်ကိုယ်စားလှယ်များ နေပြည်တော် ဟိုတယ်လုပ်ငန်းဆိုင်ရာသင်တန်းကျောင်း၌ အမှတ်တရသစ်ပင်များစိုက်ပျိုး

Ministry of Information / Posted on May 17, 2024

မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဟိုတယ်လုပ်ငန်းဆိုင်ရာသင်တန်းကျောင်း၌ အမှတ်တရသစ်ပင်များ စိုက်ပျိုးကြရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။

သတင်းမီဒီယာဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကျင်းပ

Ministry of Information / Posted on May 17, 2024

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသည့် သတင်းမီဒီယာဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကော်မရှင်၏ လုပ်ငန်းတာဝန်များအကြောင်းနှင့် သတင်းမီဒီယာလုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်လိုသည့်အကြောင်းများ ဆွေးနွေးပြောကြားသည်။

ကျောင်းနေအရွယ်အားလုံးကျောင်းနေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

Ministry of Information / Posted on May 17, 2024

ယခုအခါ နွေရာသီကျောင်းပိတ်ရက်ကာလ ကုန်ဆုံးတော့မည်ဖြစ်သည်။ မကြာမီကာလတွင် ကျောင်းအပ်နှံရေးရက်သတ္တပတ်ကာလ ရောက်ရှိတော့မည်ဖြစ်သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါအတိုင်း ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း အခြေခံပညာကျောင်းသား ကျောင်းသူလေးများအားလုံး ကျောင်းအပ်နှံကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Posted on May 13, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on May 12, 2024

ကြေညာချက်


Ministry of Information/ Naypyitaw / May 02, 2024
image


HOT NEWS
January 4,