စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်

Latest News - 108133 items

အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ထိုးသတ်သည့် ယူအက်ဖ်စီ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ် ဂျိုရှုအာဗန်က ပြိုင်ဘက် ဂျပန်ကစားသမားကို အနိုင်ရရှိ

Ministry of Information / Posted on May 10, 2026

အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်သည့် ယူအက်ဖ်စီ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်သည် ပြိုင်ဘက်ဂျပန်ကစားသမား တက်ဆူရိုတိုင်ရာကို ပဉ္စမအချီတွင် အလဲထိုးအနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

Ministry of Information / Posted on May 10, 2026

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိတည်းခိုခန်းတွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချနေသူများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ မဖြူစင်တင်လှ (ခ) ဖြူစင်နှင့် မဇွန်ဇင်ဦး (ခ) မိုင်လီတို့ ၂ ဦးအား စိတ်ကြွဆေးပြား ၁၁၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ယင်းနေ့ ညနေ ၆ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာနေ မမာလာအား စိတ်ကြွဆေးပြား ၁၆၀ ပြားနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

Ministry of Information / Posted on May 10, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မိုးကုတ်၊ သပိတ်ကျင်းဒေသတစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) မှ သင်တန်းသား/သင်တန်းသူများ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းသမိုင်းပြခန်းသို့လာရောက်လေ့လာ

Ministry of Information / Posted on May 10, 2026

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) အား ဧပြီလ ၂၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။

Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။

Posted on May 09, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။

Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။

Posted on May 07, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on May 06, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။

Posted on May 05, 2026

စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်

Ministry of Information/ Naypyitaw / October 05, 2024
image_latest

၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၅) ဖြင့် ၂၄-၅-၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၃) ဖြင့် ၂၃-၁၀-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့မှစတင်၍ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်လျှောက်ထားဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

၂။ မူလလက်ရာရှင်၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်တစ်ဦးဦးသည် စာပေနှင့် အနုပညာမူပိုင်ခွင့်အခွင့်အရေး သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးရရှိကြောင်း ခိုင်လုံသောသက်သေအထောက်အထားရရှိရန် မှတ်ပုံတင်လိုပါက သတ်မှတ်လျှောက်လွှာပုံစံများဖြင့် မှတ်ပုံတင် အရာရှိ၊ မူပိုင်ခွင့်ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါသည်။

၃။ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ဖုန်းနံပါတ်-၀၆၇-၄၃၀၅၉၄ (မူပိုင်ခွင့်ဦးစီးဌာန) သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။