ပိန္နဲကုန်းရခိုင်ဂျာမေဗလီမှ သဘောထားထုတ်ပြန်ချက်
Latest News - 90861 items

Ministry of Information / Posted on May 12, 2025
ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီလဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနကောင်းမှု ပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။

Ministry of Information / Posted on May 12, 2025
ယနေ့ကျရောက်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုခြင်း၊ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ စေတနာရှင်၊ ကုသိုလ်ရှင်များက သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပခြင်းနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းကြခြင်းစသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။

Ministry of Information / Posted on May 12, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on May 12, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့က ၂၃၀ ကေဗွီ၊ ပျဉ်းမနားဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနေမှု ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on May 12, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

Ministry of Information / Posted on May 12, 2025
၁၃၈၇ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကျင်းပရေး နာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။