မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၄)
Latest News - 91201 items

Ministry of Transport and Communications / Posted on May 18, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on May 18, 2025
နောက်ဆက်တွဲမြေငလျင်သတင်းများ

Ministry of Transport and Communications / Posted on May 18, 2025
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on May 18, 2025
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်
Ministry of Home Affairs / Posted on May 18, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်း ဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို ....
Ministry of Home Affairs / Posted on May 18, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား .....
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၄)
Ministry of Information/ Naypyitaw / May 28, 2024

၁။ ကလေးသူငယ်များသည် အနာဂတ်ကာလ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူ၍ လက်ဆင့်ကမ်း ထမ်းဆောင်ကြမည့်သူများ ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် အဆိုပါကလေးသူငယ်များ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်ပါသည်။ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် ကလေးသူငယ်ကိုယ်တိုင်နှင့် နိုင်ငံ့အနာဂတ်အတွက်ပါ ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
၂။ ပညာသင်ကြားခွင့်သည် ကလေးသူငယ်များအတွက် မူလအခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် (၂၆) တွင် “လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်” ဟု ဖော်ပြထားပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၆၆ (က) တွင်လည်း “နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပညာသင်ကြားပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည့် အားလျော်စွာ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိနိုင်ရေးနှင့် လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အခြေခံပညာမှစ၍ စနစ်တကျမြှင့်တင်ဆောင်ရွက်နေသည်ကို တွေ့ရှိရ ပါသည်။
၃။ ယခုအချိန်သည် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလဖြစ်ရာ မသန်စွမ်းကလေးသူငယ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည့် ကလေးများအပါအဝင် ကျောင်းနေအရွယ်ကလေးတိုင်း မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ မိဘများ၊ တရားဝင်အုပ်ထိန်းသူများ၊ မိသားစုဝင်များနှင့် သက်ဆိုင်သူများအားလုံးက ကလေးများ၏ အကောင်းဆုံးအကျိုးစီးပွားကို အဓိကထည့်သွင်းစဉ်းစား၍ အချိန်မီကျောင်းအပ်နှံနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အလေးအနက် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်