မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)

Latest News - 94141 items

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on July 15, 2025

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on July 15, 2025

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Constitutional Tribunal helds 13th Waso robe-offering ceremony 2025

Constitutional Tribunal of the Union of Myanmar / Posted on July 15, 2025

Nay Pyi Taw, July 11

နေ့စဉ်မြစ်ရေခန့်မှန်းချက်

Ministry of Transport and Communications / Posted on July 15, 2025

နေ့စဉ်မြစ်ရေခန့်မှန်းချက်

ဒုတိယဝန်ကြီး ဦးအေးကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့၌ ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေးတက်ရောက်

Ministry of Information / Posted on July 15, 2025

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဇူလိုင်၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အိမ်ရာနှင့် မြို့ပြရေးရာဝန်ကြီး၊ ပြည် ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။


Posted on Jul 09, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)


Myanmar National Human Rights Commission/ Yangon / June 20, 2025


၁။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်မှာပင် ထင်မှတ်မထားသော အကြမ်း ဖက်လုပ်ရပ်များကို ဝမ်းနည်းဖွယ်ကြားသိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ် ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပွင့် တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြ ဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (မူလွန်) မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်းပြ ဆရာမတစ်ဦးနှင့် ​၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိခံစားခွင့်စသည့် အခြေခံလူ့အခွင့်အရေး များကို ထိခိုက်စေပါသည်။

၂။ ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိက တာဝန်ယူဖော်ဆောင်ပေးနေ သော ဆရာ ဆရာမများအပါအဝင် ကျောင်းသူ ကျောင်းသားများ၊ စာသင်ကျောင်းများအား နည်းမျိုး စုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက် ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ ပါ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် အပိုဒ် ၂၆ ပါ ပညာသင်ယူခွင့် အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အမျိုးသား ပညာရေးဥပဒေအရ “နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသား တိုင်း ခံစားရရှိစေရေး” အလေးအနက် အသိအမှတ်ပြုကာ ပညာရေးနယ်ပယ် အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူ အားလုံး ထိခိုက်နစ်နာ မှု မရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။

၃။ ထို့ပြင် လမ်းတံတားများ၊ တာဝါတိုင်များ၊ လူနေအိမ်အဆောက်အဦများ၊ ဆေးရုံများ ဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည်လည်း တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်နစ်နာစေပါသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်မှု ဖြစ်ပါသည်။ မည်သည့်အကြမ်းဖက်လုပ်ရပ်မဆို ရာဇဝတ်မှုမြောက်၍ တရားမျှတမှုမရှိဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်း၍ အကြမ်းဖက်လုပ်ရပ်များကို ကြိုးပမ်းတိုက်ဖျက် နှိမ်နင်းလျက်ရှိသည်ကို တွေ့မြင်သိရှိရပါသည်။

၄။ နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းစွာ ပညာသင်ယူခွင့်ရရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လျော့ နည်းပပျောက်စေရန် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ မရှိမဖြစ် လိုအပ် ပါသည်။ တည်ငြိမ်အေးချမ်းပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ် တိုးတက်ရေး၊ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာသူများအတွက် ကုစားမှုပေးရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအရ ကွဲပြားခြားနားမှုများကို အလေးထား ညှိနှိုင်း ဆောင်ရွက်ရေးတို့ ပြုလုပ်သွားကြရန်နှင့် တရားဥပဒေစိုးမိုး၍ အကြမ်းဖက်မှုများ ပပျောက်စေရန် သက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လူ့အခွင့်အရေးရှုထောင့်မှ အကြံပြုတိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download