အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Latest News - 91563 items

Ministry of Information / Posted on May 25, 2025
ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းအသီးသီး၌ ဒုတိယနေ့ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

Ministry of Information / Posted on May 25, 2025
မိုးရာသီတွင်ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။

Ministry of Information / Posted on May 25, 2025
သံနှင့် သံမဏိပစ္စည်းများ၏ စံချိန်စံညွှန်းများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

Ministry of Information / Posted on May 25, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Ministry of Information / Posted on May 25, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၂၄ ရက်အထိ သေဆုံးသူ ၃၇၃၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၅ ဦး ရှိသည်။

Ministry of Information / Posted on May 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် မေ ၂၂ ရက်နှင့် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက် ရှိတိုင်းဒေသကြီး ဦးစီးမှူးများနှင့် တာဝန်ရှိသူများကို သက်ဆိုင်ရာဒေသများ၌ တွေ့ဆုံသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Religious Affairs & Culture/ location / September 06, 2024
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “အဂတိပယ်ခွာပြည်သာယာ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အောက်ပါသတ်မှတ်ချက်များ နှင့်ကိုက်ညီသည့်လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် -
(က) ပိုစတာနှင့်စပ်လျဉ်း၍ အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီရမည် -
(၁) အသက် - ၁၄ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်၊ လူရွယ်များ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်)၊
(၂) Format - JPG ၊ A3 (297 x 420 mm) with correct aspect ratio၊
(၃) Resolution - 300 dpi ၊
(၄) File Size - 15 Mb ထက်မပိုစေရ၊
(၅) မြန်မာဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့် ရှင်းလင်းချက် စာသားသီးခြားဖော်ပြရန်နှင့် အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပါက အဖွဲ့ဝင် တစ်ဦးချင်းက ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါအချက်အလက်များကို ဖြည့်စွက် လျှောက်ထားရန် ဖြစ်ပါသည်။
(ခ) ပိုစတာနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ Hard Copy ၊ Soft Copy (၂)စုံ ပြုစု၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ နေပြည်တော်သို့ ၃၀-၁၀-၂၀၂၄ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် zinwaihnin88@gmail.com သို့ ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့၏ Website များတွင် အခမဲ့ Download ရယူနိုင်ပြီး ဦးညိုမြင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ၀၉-၂၀၁၉၀၀၄ နှင့် ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ၀၆၇-၈၁၀၃၃၆၉ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။
(ဂ) ဗီဒီယိုနှင့်စပ်လျဉ်း၍ အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီရမည် -
(၁) အသက် - ၁၄ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်၊ လူရွယ်များ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်)၊
(၂) Format - mpeg 4၊
(၃) Resolution - 1920 x 1080 p ထက်မပိုစေရ၊
(၄) File Size - 300 Mb ထက်မပိုစေရ၊
(၅) Sound - 16-bit, stereo၊
(၆) Duration - 120 Seconds ထက်မပိုစေရ၊
(၇) မြန်မာဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့် စာတန်းထိုး ဖော်ပြရန်နှင့် အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပါက အဖွဲ့ဝင်တစ်ဦးချင်းက ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါအချက်အလက်များကို ဖြည့်စွက်လျှောက်ထား ရန် ဖြစ်ပါသည်။
(ဃ) ဗီဒီယိုနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ Soft Copy (CD) ၂ ချပ် ပြုစု၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်သို့ ၃၀-၁၀-၂၀၂၄ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် ms.khinmoeou@gmail.com သို့ ဖြစ်စေပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့၏ Website များ တွင် အခမဲ့ download ရယူနိုင်ပြီး ဒေါ်ခင်မိုးဥ၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ၀၉-၅၁၉၆၈၅၀ နှင့် ဒေါ်ဇာဇာမိုး၊ ညွှန်ကြားရေးမှူး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၆၇-၈၁၀၃၃၄၃ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
(င) ဆောင်းပါးနှင့်စပ်လျဉ်း၍ ဝင်ရောက်ယှဉ်ပြိုင်လိုပါက အောက်ပါစည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် -
(၁) အသက် - ကန့်သတ်ချက်မရှိ၊
(၂) ဘာသာစကား - မြန်မာ၊
(၃) ပုံစံ - ကွန်ပျူတာစာစီဖြစ်ရမည်၊
(၄) အရေအတွက် - A4 ဆိုဒ် စာမျက်နှာ (၅) မျက်နှာမှ (၇) မျက်နှာအတွင်း၊
(၅) ကန့်သတ်ချက် - ကျောကပ်ရေးသားခြင်းမပြုရ၊
(၆) ကိုးကားချက်များရှိပါက ပြည့်စုံစွာထည့်သွင်းဖော်ပြရန်။
(စ) ဆောင်းပါးနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ Hard Copy (၁) စုံ၊ Soft Copy (၁)စုံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်သို့ ၃၀-၁၀-၂၀၂၄ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊
e-mail လိပ်စာ sabalphyu315@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့၏ Website များတွင် အခမဲ့ download ရယူနိုင်ပြီး ဒေါ်သင်းသင်းဇင်၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ၀၉-၅၀၁၂၂၁၃ နှင့် ဒေါ်နန်းရတနာထွန်း၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၅၁၂၃၅၂၁၅ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
(ဆ) ပြိုင်ပွဲဝင်ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးများတွင် အောက်ပါအချက်များ ပါရှိပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ -
(၁) တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်ဆန့်ကျင်သော စာသား များ၊ ဇာတ်ကွက်များ၊ သရုပ်ဖော်မှုများ၊ အသုံးအနှုန်းများကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုထားခြင်း၊
(၂) မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိခြင်း။
(ဇ) ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုများနှင့် ဆောင်းပါးများကို အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များအတွက် အသုံးပြုခြင်းကို ခွင့်ပြုပေး ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးတို့ကို ပြန်လည်သုံးသပ် ခြင်းနှင့် ပြန်လည်ပေးအပ်ခြင်းများ ပြုလုပ်မည်မဟုတ်ပါ။
(ဈ) ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးတို့အနက်မှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ပိုစတာ၊ ဗီဒီယိုနှင့်ဆောင်းပါးတို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် “အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား” တွင်ဆုချီးမြှင့်ပေးမည် ဖြစ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်