SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်
ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter - Terrorism Action) အပေါ်...

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို ပြင်ဦးလွင်မြို့နယ် သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းထိုင်ဆရာတော်ထံ အခွန်လွတ်သာသနာ့ဂရန်...

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက်...
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
Posted on Feb 05, 2023
SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / December 03, 2022

ဆင်းကတ်များ မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက် မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် သုံးစွဲသူများ အနေဖြင့် မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်သည့် အမည် / နိုင်ငံသား စိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး၊ ပြင်ဆင်ရန်လိုအပ်ပါက (၃၁-၁-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။ မိမိတို့၏ အမည် / နိုင်ငံသားစိစစ်ရေး ကတ်အမှတ် တို့ မှန်မမှန် စစ်ဆေးသိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အတွက် *601# ၊ Atom အတွက် *979*3*3# ၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်ဆို၍ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များနှင့် Website တို့တွင် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန