နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန မှ ဈေးဆိုင်ခန်းချေးငွေများကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ တိုက်ရိုက်လျှောက်ထားသည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း


Naypyitaw Development Committee/ နေပြည်တော် / July 16, 2021
image


၁။------- နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနကွပ်ကဲမှုအောက် ဈေးအသီးသီးရှိ ဈေးဆိုင်ခန်းများ၊ ပွဲရုံဆိုင်ခန်းများမှ ဆိုင်ခန်းရှင်များ၏ ဈေးဆိုင်ခန်းချေးငွေနှင့်ပတ်သက်၍ ဈေးများဌာနမှ ချေးငွေလျှောက်လွှာများအား လက်ခံ၍ ဈေးဆိုင်ခန်းများချေးငွေစိစစ်ရေးအဖွဲ့မှ စိစစ်ပြီး ကော်မတီမှ ချေးငွေရယူလိုသူစာရင်းအား နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ ပေးပို့သည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ဈေးဆိုင်ခန်းများချေးငွေစိစစ်ရေးအဖွဲ့ ဖွဲ့စည်း ထားမှုအား မြို့တော်ဝန်ရုံး၏(၇.၇.၂၀၂၁)ရက်စွဲပါ ရုံးအမိန့်အမှတ်(၅၈၄/၂၀၂၁)ဖြင့် ပယ်ဖျက်ပြီး ဖြစ်ပါသည်။
၂။------- သို့ဖြစ်ပါ၍ ဆိုင်ခန်းရှင်များမှ ဈေးဆိုင်ခန်းချေးငွေကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်သို့ တိုက်ရိုက်လျှောက်ထားသည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဈေးများဌာန
နေပြည်တော်စည်ပင်သာယာရေးကော်မတီ