ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ


Ministry of Information/ Naypyitaw / March 12, 2020


ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်း အသိ အမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၄-၃-၂၀၂၀) ရက်နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် (၁၃-၁-၂၀၂၀) ရက်နေ့မှ (၁၄-၂-၂၀၂၀) ရက်နေ့ထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်း အတွက် အသစ်လျှောက်ထားသူ ကိုးဦးကိုလည်းကောင်း၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထား သူဂျာနယ် တစ်ဦး၊ မဂ္ဂဇင်း တစ်ဦး၊ အထွေထွေ ၂၆ဦး၊ ပေါင်း ၂၈ဦး ကို လည်းကောင်း၊ သတင်းအေဂျင်စီ လုပ်ငန်းလျှောက်ထားသူ ကိုးဦးကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်နေ့ မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၂၅ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၂၈၂၂ ဦး နှင့် သတင်း အေဂျင်စီလုပ်ငန်း ၂၈၁ ဦး ၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း  ၄၇၂၈ ဦး အား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန